Connect with us

China

တရုတ်နိုင်ငံ၏ ငွေကြေးမူဝါဒ အပြောင်းအလဲက စီးပွားရေး နာလန်ပြန်ထူမှုကို အထောက်အကူပြုမည်

ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် အပြောင်းအလဲ ကြီးကြီးမားမား မရှိခဲ့သည့်နောက် တရုတ်နိုင်ငံ၏ လတ်တလော ငွေကြေးမူဝါဒ အပြောင်းအလဲက လာမည့် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုအပေါ် ပိုမိုအားကောင်းစွာ ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။
လွန်ခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ဗဟိုစီးပွားရေးလုပ်ငန်း ကွန်ဖရင့်၌ တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများက ၂၀၂၅ ခုနှစ်အတွင်း အသင့်အတင့် ဖြေလျှော့ထားသည့် ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကာ ယင်းသည် လွန်ခဲ့သော ၁၄ နှစ်အတွင်း သတိဖြင့်ချင့်ချိန်သော မူဝါဒမှ သိသိသာသာ ပြောင်းလဲလာခြင်းလည်းဖြစ်သည်။ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း၏ ဂယက်ရိုက်မှုကို ကာကွယ်ရန်အတွက် အလားတူ မူဝါဒအား ၂၀၀၈ ခုနှစ်တွင် နောက်ဆုံးအကြိမ် ကျင့်သုံးခဲ့သည်ဟု သိရသည်။
ထိုကဲ့သို့ မူဝါဒပြောင်းလဲမှုမှာ စိန်ခေါ်မှုရှိသော စီးပွားရေး အခြေအနေများကို တုံ့ပြန်ရန်ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။ (Xinhua)
…………………………
(English Version)
China’s shift in monetary policy to bolster economic recovery
After remaining largely unchanged for over a decade, China’s recent monetary policy shift is expected to provide stronger support for economic growth in the coming year.
During last week’s Central Economic Work Conference, Chinese policymakers decided to implement a “moderately loose” monetary policy in 2025, a significant departure from the “prudent” policy of the past 14 years. The last time the same policy stance was adopted was back in 2008 to cushion the shock from the global financial crisis.
Analysts said the shift was a response to challenging economic circumstances.