Myanmar
မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် ဖွင့်လှစ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် (underpass) ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၃ ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရန်ကုန်မြို့တော်ဝန်နှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြေအောက်လမ်းကူးလူသွားဥမင် တည်ဆောက်ရေးလုပ်ငန်း၌ ပါဝင်ခဲ့ကြသော အင်ဂျင်နီယာများကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုမြေအောက်လမ်းကူးလူသွားဥမင်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်သည် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြား ချိတ်ဆက်ဖောက်လုပ်ထားခြင်းဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျား စုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄,၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြေအောက်လမ်းကူးလူသွားဥမင်တွင် စက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရ အဆင်ပြေလွယ်ကူစေရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်းတည်ဆောက်ထားကြောင်း သတင်း၌ ဖော်ပြထားသည်။
မြေအောက်လမ်းကူးလူသွားဥမင်ကို အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးနိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းမြေအောက်လမ်းကူးလူသွားဥမင်က အများပြည်သူများ အကျိုးကျေးဇူးများစွာ ရရှိစေရုံသာမက တိုးတက်သော မြို့ပြအင်္ဂါပြယုဂ်တစ်ခုလည်း ဖြစ်ကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး မြေအောက်လမ်းကူးလူသွားဥမင်မှာ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်အနီးတွင် တည်ရှိသည်။ (Xinhua)
……………………………………..
(English Version)
Myanmar’s 2nd pedestrian underpass inaugurated in Yangon
YANGON, Dec. 24 (Xinhua) — The inauguration of Myanmar’s second pedestrian underpass took place in Yangon on Monday, with the attendance of the Chairman of the State Administration Council (SAC) Senior General Min Aung Hlaing, Yangon Mayor and other related officials, state-run daily The Mirror reported on Tuesday.
During the ceremony, the SAC chairman presented honorary gifts to the engineers who contributed to the construction of the underpass, the report said.
The construction of the underpass began in October 2023. This underpass, connecting the western entrance of Shwedagon Pagoda to People’s Square and Park, has dimensions of 11 feet in height, 23 feet in width, and 461 feet in length, it said.
It features four entrances and is designed to accommodate up to 14,000 people per hour. Additionally, the facility includes four escalators and two lifts to assist the elderly and people with disabilities, it added.
This infrastructure development is aimed at enhancing pedestrian safety and alleviating traffic congestion, the report said.
The underpass not only benefits the local community but also stands as an example of urban development in Yangon, it added.
The country’s first pedestrian underpass is located near the Yangon University of Education on Pyay Road in Kamayut Township.