Connect with us

China

တရုတ်နိုင်ငံအနေဖြင့် ပိုမိုကျယ်ပြန့်သော BRICS ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြှင့်တင်ရန် အသင့်ရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

ပွင့်လင်းသောစိတ်ဓာတ်၊ အားလုံးပါဝင်နိုင်မှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ကို လက်ခံကျင့်သုံးကာ BRICS အဖွဲ့၏ ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့်မားစွာ တိုးတက်ရေးကို မြှင့်တင်ရာ၌ တရုတ်နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရာဇီးနိုင်ငံက အင်ဒိုနီးရှားနိုင်ငံအား တင်းပြည့် BRICS အဖွဲ့ဝင်အဖြစ် ကြေညာခဲ့သည့် သတင်းနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားပေးရန် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မေးမြန်းရာ၌ ကောက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံအနေနဲ့ BRICS မိသားစုဝင်အသစ် တိုးလာတာကို နွေးထွေးစွာကြိုဆိုပါတယ်” ဟုလည်း ကောက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0iB
………………………….
(English Version)
China ready to advance greater BRICS cooperation: spokesperson
China stands ready to work with all BRICS countries to embrace the spirit of openness, inclusiveness and win-win cooperation, and advance the high-quality development of greater BRICS cooperation, Chinese foreign ministry spokesperson Guo Jiakun said Tuesday.
Guo made the remarks at a daily press briefing when asked to comment on the news that the 2025 BRICS chair, Brazil, announced that Indonesia has become a full member of BRICS.
“China warmly welcomes the new addition to the BRICS family,” said Guo. xhtxs.cn/0iB