Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး၍ မြှင့်တင်မည်ဟု နိုင်ဂျီးရီးယား သမ္မတ ကတိပြု

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ဘိုလာ အာမက် တီနူဘူနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ဆုံစဥ် (ဆင်ဟွာ)

တရုတ်-နိုင်ဂျီးရီးယား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးအတွက် နိုင်ဂျီးရီးယား သမ္မတ ဘိုလာအာမက် တီနူဘူက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား နိုင်ဂျီးရီးယားနိုင်ငံ၏မြို့တော် အဘူဂျာတွင် ဇန်နဝါရီ ၉ ရက်၌ လက်ခံတွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တီနူဘူအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားများနှင့် နှစ်သစ်ကူး ဆုတောင်းစကားများကို လက်ဆောင်ပါးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ သမ္မတနှစ်ဦးက တရုတ်-နိုင်ဂျီးရီးယား ဘက်‌ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း အတူတကွကြေညာခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ တိုးတက်လာသော အမှတ်သညာဖြစ်သည့် ယမန်နှစ် စက်တင်ဘာလ၌ တီနူဘူ၏ အကျိုးဖြစ်ထွန်းသော တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဥ်အကြောင်းကိုလည်း ဝမ်က ပြန်ပြောင်းပြောဆိုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0m2
………………….
(English Version)
Nigerian president pledges to further advance cooperation with China
Nigerian President Bola Ahmed Tinubu met with Chinese Foreign Minister Wang Yi Thursday in Abuja, the capital of the West African nation, to strengthen the China-Nigeria comprehensive strategic partnership.
Wang, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, conveyed the warm greetings and New Year wishes of Chinese President Xi Jinping to Tinubu.
Wang recalled Tinubu’s successful state visit to China in September last year, during which the two presidents jointly announced the establishment of the China-Nigeria comprehensive strategic partnership, marking significant progress in bilateral relations. xhtxs.cn/0m2
English Caption
Nigerian President Bola Ahmed Tinubu meets with Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, in Abuja, Nigeria, on Jan. 9, 2025. (Xinhua/Yang Zhe)