Connect with us

China

ကမ္ဘာ့အကြီးဆုံး သန့်စင်စွမ်းအင် စင်္ကြံ၏ ၂၀၂၄ ခုနှစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ ယမန်နှစ် ကာလတူထက် ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာ

တရုတ်နိုင်ငံ ဟူပေပြည်နယ် ယီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာနှင့် မြစ်ကျဉ်းသုံးသွယ် ရေးအားလျှပ်စစ်စက်ရုံ ဓာတ်အားလိုင်းကြိုးများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျစ်ကွေး၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့အကြီးဆုံး သန့်စင်စွမ်းအင် စင်္ကြံ၏ ၂၀၂၄ ခုနှစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏမှာ ယမန်နှစ် ကာလတူထက် ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း China Three Gorges Corporation (CTG)၏ ဇန်နဝါရီ ၉ ရက် သတင်းများအရ သိရသည်။ ယန်ဇီမြစ် ပင်မရေစီးကြောင်းရှိ ဝူးတုန်းတယ်၊ ပိုင်ဟဲ့ထန်း၊ ရှီးလော့သု၊ ရှန့်ကျားပါ့၊ မြစ်ကျဉ်းသုံးသွယ်၊ ကယ်ကျိုးပါ့ ဟူသော လှေကားထစ်ပုံစံ ရေအားလျှပ်စစ်စက်ရုံ ၆ ခုဖြင့် ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံး သန့်စင်စွမ်းအင် စင်္ကြံ၏ ၂၀၂၄ ခုနှစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ စုစုပေါင်းမှာ ကီလိုဝပ်နာရီ ၂၉၅.၉၀၄ ဘီလီယံ ခန့် ရှိပေသည်။ ၎င်းမှာ စံချိန်မီ ကျောက်မီးသွေး တန်ချိန် ၈၉.၂၄ သန်း ချွေတာလိုက်ခြင်းနှင့်ညီမျှပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု တန်ချိန် သန်း ၂၄၀ အထိ လျှော့ချပေးခြင်းကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင် အစိမ်းရောင်အသွင်ပြောင်းခြင်း၏ အားကောင်းသော အထောက်အပံ့ဖြစ်ခဲ့သည်။ (Xinhua)


……………………..
(Chinese Version)
世界最大清洁能源走廊2024年发电量同比增长超7%
新华社照片,秭归(湖北),2025年1月10日
1月9日,据三峡集团消息,世界最大清洁能源走廊2024年发电量较上年同期增长超过7%。 由长江干流乌东德、白鹤滩、溪洛渡、向家坝、三峡、葛洲坝六座梯级水电站构成的世界最大清洁能源走廊,2024年累计发电约2959.04亿千瓦时,相当于节约标准煤8924万吨,减排二氧化碳2.4亿吨,有力支撑我国能源绿色转型。 新华社发(郑家裕摄)
1. 1月10日,在湖北宜昌拍摄的三峡大坝和三峡电站外送输电线路(无人机照片)。