Connect with us

China

တရုတ်နိုင်ငံက ယခုနှစ်တွင် လူတင်အာကာသယာဉ် ၂ စင်း၊ ကုန်တင်အာကာသယာဉ် ၁ စင်း လွှတ်တင်မည်၊ မစ်ရှင် ၃ခုအတွက် အမှတ်တံဆိပ်များအား လူမှုအသိုက်အဝန်းအား ပြသ

ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် တရုတ်နိုင်ငံက ရှန်ကျိုး-၂၀ ၊ ရှန်ကျိုး-၂၁ လူတင်အာကာသယာဉ် နှစ်စင်းနှင့် ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ် တစ်စင်း လွှတ်တင်မည် ဖြစ်သည်။ ယခုအကြိမ် လူတင်အာကာသယာဉ် ပျံသန်းမှု မစ်ရှစ် ၃ ခု၏ မစ်ရှင်အမှတ်တံဆိပ်များအား တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) က ဇန်နဝါရီ ၂၀ ရက်တွင် လူမှုအသိုက်အဝန်းအား ထုတ်ဖော်ပြသခဲ့သည်။

၂၀၀၃ ခုနှစ် ရှန်ကျိုး-၅ မစ်ရှင်စတင်သည့် အချိန်မှစ၍ လူတင်အာကာသယာဉ် ပျံသန်ရေးမစ်ရှင်တိုင်းကို မစ်ရှင် အမှတ်တံဆိပ် ဒီဇိုင်းရေးဆွဲခဲ့သည်။ ၂၀၂၃ ခုနှစ်မှ ယနေ့အထိ နှစ်စဉ် ယခုနှစ်၏ လူတင်အာကာသယာဉ် ပျံသန်ရေးမစ်ရှင် အမှတ်တံဆိပ်ကို လူမှုအသိုက်အဝန်းထံသို့ သဘောထားကောက်ခံမှု ပြုလုပ်ခဲ့သည်။

ပျံသန်းမှု မစ်ရှင် အစီအစဉ်များအရ တရုတ်နိုင်ငံသည် ယခုနှစ်တွင် ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ရှန်ကျိုး-၂၀၊ ရှန်ကျိုး ၂၁ လူတင်အာကာသယာဉ်များကို ရှေ့ဆင့်နောက်ဆင့် လွှတ်တင်မည် ဖြစ်ကြောင်း၊ ပျံသန်းရေးမစ်ရှင်အဖွဲ့ကို အာကာသယာဉ်မှူး ၃ ဦးစီဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ ၎င်းတို့အနက် ရှန်ကျိုး-၂၀ လူတင်အာကာသယာဉ် လွှတ်တင်ပြီးနောက် အာကာသစခန်းပင်မခန်း၏ radial port နှင့် ချိတ်ဆက်မည် ဖြစ်သလို ရှန်ကျိုး-၂၁ လူတင်အာကာသယာဉ် လွှတ်တင်ပြီးနောက် အာကာသစခန်းပင်မခန်း၏ အရှေ့ဘက်ပေါက်နှင့် ချိတ်ဆက်မည် ဖြစ်ကြောင်း သိရသည်။

လူတင်အာကာသယာဉ် ပျံသန်းရေး မစ်ရှင် ၂ ခုကာလ၌ အဓိက မစ်ရှင်များမှာ အာကာသယာဉ်မှူးများ အာကာသစခန်းပြင်ပသို့ ထွက်၍ လှုပ်ရှားခြင်းနှင့် ကုန်တင်လော့ခ်ထွက်ပေါက် အာကာသစခန်းပြင်ပသို့ ထွက်ခြင်း မစ်ရှင်များ ဖြစ်ပြီး အာကာသ သိပ္ပံစမ်းသပ်မှုများနှင့် နည်းပညာစမ်းသပ်မှုများ ဆက်လက်ဆောက်ရွက်သွားမည် ဖြစ်ကြောင်း၊ ပလက်ဖောင်း စီမံခန့်ခွဲခြင်းလုပ်ငန်း၊ အာကာသယာဉ်မှူးပံ့ပိုးခြင်း သက်ဆိုင်ရာလုပ်ငန်းများနှင့် သိပ္ပံပညာပေး စသည့် အရေးကြီးသော အစီအစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

ယခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်နိုင်ငံသည် ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေး နေရာမှ ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ် လွှတ်တင်သွားမည် ဖြစ်ကြောင်း၊ လွှတ်တင်လိုက်သည့် အာကာသယာဉ်သည် အာကာသစခန်းပင်မခန်း အနောက်ဘက်ပေါက်နှင့် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ၊ အဓိကအားဖြင့် အာကာသယာဉ်မှူးများအခြေစိုက်ရာ၌ လိုအပ်သော အထောက်အပံ့ပစ္စည်းများ၊ အာကာသယာဉ်ပြင်ပသုံးဝတ်စုံ စသည့် အာကာသစခန်းပြင်ပ၌ အသုံးပြုသည့် အထောက်အပံ့ပစ္စည်းများ သယ်ဆောင်သွားမည် ဖြစ်ပြီး ပလက်ဖောင်း လုံခြုံစွာ လည်ပတ်ရေး ထိန်းသိမ်းပြင်ဆင်ရမည့် အပိုပစ္စည်းများနှင့် propellant ၊ အသုံးချမစ်ရှင်များအတွက် ဝန်နှင့် နမူနာပစ္စည်းအမျိုးမျိုးကို အာမခံထားပံ့ပိုးပေးမည် ဖြစ်ပြီး အပြန်တွင် ဂြိုဟ်ပတ်လမ်းရှိ စွန့်ပစ်ပစ္စည်းများကို သယ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်အာကာသစခန်း ဘက်စုံ တည်ဆောက်ပြီးနောက် တရုတ်လူတင်အာကာသစခန်းသည် တရားဝင် အသုံးချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကို ရောက်ရှိမည် ဖြစ်ပြီး နှစ်စဉ် လူတင်အာကာသယာဉ် ၂ စင်း၊ ကုန်တင်အာကာသယာဉ် ၁ စင်းမှ ၂ စင်းအထိ လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………….
(Chinese Version)
我国今年将发射两艘载人飞船和一艘货运飞船 三次任务标识向社会公布

新华社北京1月20日电(李国利、任海根)我国今年将发射神舟二十号、神舟二十一号两艘载人飞船和天舟九号货运飞船。中国载人航天工程办公室20日面向社会公开发布了这三次航天飞行任务的任务标识。
自2003年神舟五号任务起,每次载人飞行任务均设计了任务标识。2023年至今,每年都面向社会公开征集本年度载人航天飞行任务标识。
根据飞行任务规划,我国今年将在酒泉卫星发射中心先后发射神舟二十号、神舟二十一号载人飞船,飞行乘组均由3名航天员组成。其中,神舟二十号载人飞船发射后对接于核心舱径向端口,神舟二十一号载人飞船发射后对接于核心舱前向端口。
据介绍,两次载人飞行任务期间,主要任务是实施航天员出舱活动和货物气闸舱出舱任务,继续开展空间科学实验和技术试验,开展平台管理工作、航天员保障相关工作以及科普教育等重要活动。
今年下半年,我国还计划在文昌航天发射场发射天舟九号货运飞船,飞船发射后将对接于核心舱后向端口,主要上行航天员驻留物资、舱外服等出舱消耗物资,保障平台安全运行的维修备件和推进剂、应用任务各类载荷和样品;下行在轨废弃物。
中国空间站全面建成后,中国载人空间站工程正式进入应用与发展阶段,每年将发射2艘载人飞船、1至2艘货运飞船。(完)