China
တရုတ်နိုင်ငံ၏ သုတေသန ရေငုပ်သင်္ဘောများက အနာဂတ် ပင်လယ်ရေနက်ပိုင်းမစ်ရှင်များအတွက် အသေးစိတ်ချိန်ညှိပေး
ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လူတင်ရေငုပ်သင်္ဘော ကျောင်းလုံနှင့် သိပ္ပံသုတေသနသင်္ဘော တာ့ယန် အမှတ်-၁ (Ocean No.1) တို့သည် ယခုနှစ် ရေနက်ပိုင်းစူးစမ်းလေ့လာရေးမစ်ရှင်များ ပြင်ဆင်ရေးအတွက် အဓိကအဆင့်မြှင့်တင်ပြုပြင်မှုများ ပြီးမြောက်တော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမုဒ္ဒရာရေးရာဦးစီးဌာနထံမှ သိရသည်။
ဒဏ္ဍာရီလာ ပင်လယ်နဂါး၏ အမည်ပေးထားသော ကျောင်းလုံသင်္ဘောသည် ပင်လယ်ရေအောက်အနက် မီတာ ၇,၀၀၀ ကျော်အထိ ရေငုပ်နိုင်စွမ်းရှိသည်။ တရုတ်နိုင်ငံထုတ် အဆိုပါ ရေငုပ်သင်္ဘောသည် ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာ စသည့် ရေပြင်များ၌ စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ထိုသင်္ဘောသည် လက်ရှိတွင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ နည်းပညာရှင်များက လစ်သီယံဘက်ထရီစနစ် အပါအဝင် ၎င်း၏အရေးပါသော အစိတ်အပိုင်းများကို အဓိက အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Ocean No.1 ၏ အဓိက အဆင့်မြှင့်တင်မှုများတွင် အဝေးထိန်းစနစ်ဖြင့် လည်ပတ်သော ရေအောက်သွား ရေယာဉ်များ တပ်ဆင်ခြင်းလည်း ပါဝင်ပြီး ယင်းမှာ သင်္ဘော၏ စွမ်းဆောင်မှုများ အဆင့်မြှင့်တင်ခြင်းနှင့် အနာဂတ်၌ ပင်လယ်ရေနက်ပိုင်းအရင်းအမြစ်များ စစ်တမ်းကောက်ယူရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်ချရသော ပံ့ပိုးမှုများ ပေးအပ်နိုင်ရန်တို့ ဖြစ်ကြောင်း သမုဒ္ဒရာရေးရာဦးစီးဌာနက ဆိုသည်။
Ocean No.1 သင်္ဘောသည် တရုတ်နိုင်ငံ၏ ပထမဆုံး ခေတ်မီ ဘက်စုံသုံး သမုဒ္ဒရာသွား သိပ္ပံသုတေသနသင်္ဘောဖြစ်သည်။ ဆယ်စုနှစ် လေးခုကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ထိုသင်္ဘောသည် အဏ္ဏဝါဗေဒဆိုင်ရာ သိပ္ပံသုတေသနလေ့လာမှု ၂၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China’s submersible and research vessels fine-tuned for future deep-sea missions
BEIJING, Feb. 2 (Xinhua) — China’s manned deep-sea submersible Jiaolong and research vessel Dayang Yihao (Ocean No.1) are set to complete major upgrades in preparation for deep-sea exploration missions this year, according to the country’s oceanic affairs administration.
Jiaolong, named after a mythical sea dragon, is capable of diving to depths exceeding 7,000 meters. The China-made underwater ship has explored waters in the Pacific Ocean, Indian Ocean and Atlantic Ocean.
Its upgrades are currently in progress, and technicians have already completed major enhancements to its critical components, including the lithium battery system.
Major upgrades on Ocean No.1 include the installation of remotely-operated underwater vehicles, which will enhance its capabilities and provide reliable support for future deep-sea resources survey and development, said the administration.
Ocean No.1 is China’s first modern comprehensive ocean-going scientific research vessel. With over four decades of service, it has conducted 27 oceanographic scientific expeditions.
Photo: China’s manned deep-sea submersible Jiaolong completes its 300th dive in the Western Pacific Ocean, Aug. 18, 2024. (Xinhua/Wang Yuhao)