Connect with us

Asia

၂၀၂၅ ခုနှစ်အတွင်း တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု ကမ္ဘောဒီးယား မျှော်မှန်း

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်) ပြည်နယ် ယူနက်စကိုစာရင်းဝင် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်ရှိ အန်ကောဝပ် ဘုရားကျောင်းသို့ လာရောက်လည်ပတ်နေသည့် ခရီးသွားများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နီးကပ်သော ဆက်ဆံရေးရှိခြင်းနှင့် နိုင်ငံ၏ ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများကြောင့် ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်ခရီးသွား အများအပြား ဝင်ရောက်လာမည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်အား “ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်” အဖြစ် သတ်မှတ်ထားကြောင်း တရုတ်နှစ်သစ်ကူး အခါသမယ၌ တရုတ်နိုင်ငံသားများ၊ ပြည်ပရောက် တရုတ်နွယ်ဖွားများ အားလုံးအတွက် မကြာမီက နှစ်သစ်ကူး ဆုတောင်းစကား ပြောကြားစဉ် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
“ကမ္ဘောဒီးယားနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ အမွေအနှစ် ခရီးသွားလုပ်ငန်း၊ သဘာဝတရားရဲ့ ဆွဲဆောင်မှုတွေနဲ့ ဂေဟခရီးသွားလုပ်ငန်း အစရှိတဲ့ ခရီးသွားလုပ်ငန်း အတွေ့အကြုံအမျိုးမျိုး ပေးစွမ်းနိုင်တာမို့ ကျွန်တော်တို့နိုင်ငံကို လာရောက်စူးစမ်းလေ့လာမယ့် တရုတ်ခရီးသွား အများအပြားကို ကြိုဆိုလက်ခံနိုင်လိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0SY


………………………
(English Version)
Cambodia expects more Chinese tourists in 2025: minister
Cambodia is projected to welcome a significant number of Chinese tourists in 2025 thanks to close ties and the kingdom’s attractive tourist destinations, Tourism Minister Huot Hak says.
In a recent greeting message to all Chinese citizens and people of Chinese descent during the Chinese New Year, Hak said 2025 has been designated as the “Cambodia-China Year of Tourism.”
“We strongly believe that Cambodia will welcome a significant number of Chinese tourists to explore our country, which offers a diverse range of tourism experiences, including cultural and heritage tourism, natural attractions, and eco-tourism,” he said. xhtxs.cn/0SY
English Caption 1
Tourists visit the Angkor Wat Temple at the UNESCO-listed Angkor Archaeological Park in Siem Reap province, Cambodia, Jan. 29, 2025. (Photo by Sao Khuth/Xinhua)