Connect with us

China

ဟားအယ်ပင်းမြို့က ကမ္ဘာကြီးအတွက် ကြီးကျယ်ခမ်းနားသော အားကစားပွဲတော်ကြီးကို ဆောင်ကြဉ်းပေးမည်ဟု သမ္မတရှီ ပြောကြား

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ ဟားအယ်ပင်း ရေခဲ-ဆီးနှင်းကမ္ဘာသို့ လာရောက်လည်ပတ်သူများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်က ရိုက်ကူးထားသော ဝေဟင်ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟားအယ်ပင်းမြို့က ကမ္ဘာကြီးအတွက် ကြီးကျယ်ခမ်းနားသော အားကစားပွဲတော်ကြီးတစ်ခုကို ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖေဖော်ဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။
အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမတိုင်မီ ရှီနှင့် ၎င်း၏ဇနီးဖြစ်သူ ဖုန်လိယွမ်တို့က တည်ခင်းပေးသည့် ဂုဏ်ပြုဧည့်ခံပွဲတွင် တရုတ်ခေါင်းဆောင်က အခမ်းအနား တက်ရောက်လာကြသည့် နိုင်ငံတကာမှ ဂုဏ်သရေရှိ ဧည့်သည်တော်များအား နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်ခဲ့သည်။
ကြီးကျယ်ခမ်းနားသော အားကစားပြိုင်ပွဲများ၏ တွန်းအားပေးမှုကြောင့် တရုတ်နိုင်ငံ၏ ရေခဲနှင့် ဆီးနှင်းအပေါ် စိတ်အားထက်သန်မှုက နိုင်ငံတကာ ဆောင်းရာသီအားကစားများကို အားသစ်လောင်းပေးခဲ့ကြောင်း အဆိုပါ ဂုဏ်ပြုဧည့်ခံပွဲ၌ ဧည့်သည်တော်များအား မိန့်ခွန်းပြောကြားစဉ် ရှီက ထည့်သွင်းပြောကြားခဲ့သည်။
၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲသည် ပါဝင်ဆင်နွှဲသော နိုင်ငံနှင့် ဒေသ အရေအတွက်အရသာမက မှတ်ပုံတင်ထားသော အားကစားသမား ဦးရေအရလည်း စံချိန်တင်ခဲ့ကြောင်း ရှီက ဆိုသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် အာရှတိုက်တစ်လွှားရှိ နိုင်ငံနှင့် ဒေသပေါင်း ၃၄ ခုမှ အားကစားသမား ၁,၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများ၏ အဆိုအရ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0ZD
…………………….
(English Version)
Xi says Harbin to deliver great sports gala for world
Chinese President Xi Jinping said Friday that China’s northeastern city of Harbin, host city of the 9th Asian Winter Games, will deliver a spectacular sports gala for the world.
At a banquet held by Xi and his wife, Peng Liyuan, ahead of the opening ceremony of the Games, the Chinese leader extended a warm welcome to international dignitaries who are here to attend the ceremony.
China’s ice-and-snow passion ignited by major sports events has invigorated global winter sports, Xi told the guests while addressing the banquet.
The 9th Asian Winter Games attracted a record number of participating countries and regions, as well as registered athletes, Xi said.
According to the organizers, over 1,200 athletes from 34 countries and regions across Asia will compete in the Games. xhtxs.cn/0ZD
English Caption
An aerial drone photo shows tourists visiting the Harbin Ice-Snow World in Harbin, northeast China’s Heilongjiang Province, Jan. 23, 2025. (Xinhua/Zhang Tao)