Connect with us

Social

ပန်းပေါင်းဝေဆာ ပြည်မြန်မာ ဓာတ်ပုံပြိုင်ပွဲ၌ ခေါင်းစဉ်နှစ်ခုအတွက် ဆု ၂၆ဆု ချီးမြှင့်


ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာတရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၊ မြန်မာနိုင်ငံဓာတ်ပုံအသင်းနှင့် မြန်မာပြည်ဖွား တရုတ်မျိုးနွယ် ဖောင်ဒေးရှင်းတို့ ပထမဦးဆုံးအကြိမ် ပူးပေါင်းကျင်းပသော ၂၀၁၈ခုနှစ် ပန်းပေါင်းဝေဆာ ပြည်မြန်မာ နွေဦးပွဲတော် ဓာတ်ပုံပြိုင်ပွဲ၌ ခေါင်းစဉ်နှစ်ခုအတွက် ဆု ၂၆ဆု ချီးမြှင့်ပေးခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားထံမှ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် professional photographyခေါင်းစဉ်အတွက် ပထမဆု ကျပ် ၁၅သိန်း၊ ဒုတိယဆု ကျပ် ၁၀သိန်းနှင့် တတိယဆု ကျပ် ၇သိန်းဆုချီးမြှင့်ပြီး phone photography ခေါင်းစဉ်အတွက် ပထမဆု ကျပ် ၁၀၊ ဒုတိယဆု ကျပ် ၇သိန်းနှင့် တတိယဆု ၅သိန်းတို့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဓာတ်ပုံ ၇၂၈ ပုံထဲမှ professional photographyခေါင်းစဉ်အောက်တွင် ပထမ၊ဒုတိယနှင့် တတိယဆုသုံးဆုအပြင် နှစ်သိမ့်ဆု ၁၀ဆုနှင့် phone photography ခေါင်းစဉ်အောက်တွင် ပထမ၊ဒုတိယနှင့် တတိယဆုသုံးဆုအပြင် နှစ်သိမ်ဆု ၁၀ဆုတို့ကို စုစုပေါင်း ၂၆ဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပန်းပေါင်းဝေဆာ ပြည်မြန်မာ ဓာတ်ပုံပြိုင်ပွဲ၌ ဆုချီးမြှင့်ပေးပွဲအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ပန်းပေါင်းဝေဆာ ပြည်မြန်မာ ဓာတ်ပုံပြိုင်ပွဲ၌ ဆုချီးမြှင့်ပေးပွဲအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ပန်းပေါင်းဝေဆာ ပြည်မြန်မာ ဓာတ်ပုံပြိုင်ပွဲ၌ ဆုချီးမြှင့်ပေးပွဲအခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

“ပြိုင်ပွဲဝင်ဓာတ်ပုံတွေ အားလုံးက လှပလွန်းတော့ ဆုရွေးချယ်တဲ့ဒိုင်အဖွဲ့က ရွေးချယ်ရတော်တော်ခက်မှာပဲလို့ ကျွန်တော်ထင်မိတယ်။ ဒီဓာတ်ပုံတွေမှာဆိုရင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးတွေရဲ့ နွေဦးပွဲတော် နွှဲပျော်နေတဲ့ပုံတွေ၊ တရုတ်ရိုးရာ ခြင်္သေ့နဂါးအကတွေ ပါပါတယ်။ ဒီဓာတ်ပုံတွေကို ကြည့်ရင်တော့ မြန်မာနိုင်ငံက တစ်နေ့တစ်ခြား ဖွံ့ဖြိုးတိုးတက်လာပြီး တံခါးဖွင့်လာတာကို တွေ့မြင်ရပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်သံရုံး သံမှူး Yu Bianjiangက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သော တရုတ်နှစ်သစ်ကူးနှင့် ပတ်သက်သည့် အကြောင်းအရာများကို သရုပ်ဖော်သောဓာတ်ပုံများကို မြန်မာပြည်ဖွား တရုတ်မျိုးနွယ် ဖောင်ဒေးရှင်း ၂ဦး၊ မြန်မာနိုင်ငံဓာတ်ပုံအသင်းက ၃ဦး စုစုပေါင်း ဒိုင် ၅ဦးဖြင့် စိစစ်အကဲဖြတ်ရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံဓာတ်ပုံအသင်း ဥက္ကဌ ဦးသန်းထွန်းဦး (တက်နေဝင်း)က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ကျင်းပသွားတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို ပြုစုထားတဲ့ မှတ်တမ်းစာအုပ်ကို မကြာခင်မှာ တရုတ်နိုင်ငံကို ပို့တော့မှာပါ။ အဲဒါကြောင့် မြန်မာနိုင်ငံဓာတ်ပုံအသင်းက ဓာတ်ပုံဆရာများရဲ့ ပြောင်မြောက်တဲ့ အနုပညာလက်ရာတွေကို ပြသခွင့်ရတဲ့အတွက် အသင်းသားများကိုယ်စား ကျေးဇူးတင်ရှိပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်သံရုံး သံမှူး Yu Bianjiang၊ မြန်မာတရုတ်ချစ်ကြည်ရေး (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ မြန်မာပြည်ဖွား တရုတ်မျိုးနွယ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကြီးစိန်၊ မြန်မာနိုင်ငံဓာတ်ပုံအသင်း ဥက္ကဋ္ဌ ဦးသန်းထွန်းဦး(တက်နေဝင်း)နှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.