Connect with us

China

အာရှ ဆောင်းရာသီ အားကစားပွဲတွင် တရုတ်အားကစားသမား ကောင်းထိန်ယွီက အာရှစံချိန်ချိုး၍ မီတာ ၁၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲ အမျိုးသား မီတာ ၁၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ကောင်းထိန်ယွီ ပါဝင်ယှဉ်ပြိုင်နေသည်ကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပသည့် ဟားအယ်ပင်း အာရှ ဆောင်းရာသီ အားကစားပွဲ အမျိုးသား မီတာ ၁၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ (Speed Skating) တွင် တရုတ်အားကစားသမား ကောင်းထိန်ယွီသည် ၉.၃၅ စက္ကန့်ဖြင့် အာရှတိုက်စံချိန်နှင့် ပြိုင်ပွဲစံချိန်ချိုးကာ နှုန်းမြင့်စကိတ်ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ ယင်းသည်လည်း ယခုအကြိမ် အာရှ ဆောင်းရာသီ အားကစားပွဲတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့က ရရှိသော ရေခဲပြင်အားကစားများ၏ ပထမဆုံး ရွှေတံဆိပ်ဆုလည်း ဖြစ်ကြောင်း သိရသည်။
ထိုနေ့ပြိုင်ပွဲတွင် အမျိုးသား မီတာ ၁၀၀ ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်ပေါင်း ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တရုတ်အသင်းမှ ကောင်းထိန်ယွီ၊ လျန်ကျီဝန်၊ လျိုပင်းနှင့် ရွှဲကျစ်ဝန်တို့ ပြိုင်ပွဲဝင် ၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ကောင်းထိန်ယွီသည် နောက်ဆုံးအဖွဲ့ဖြစ်သည့် အပြင်ဘက်ဆုံးပြေးလမ်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၎င်းစတင်မပြေးခင် ကာဇက်စတန်နိုင်ငံမှ ပြိုင်ပွဲဝင် Yevgeniy Koshkin သည် ၉.၄၇ စက္ကန့် ရလဒ် ရရှိထားပြီးဖြစ်ကာ အာရှတိုက်စံချိန်သစ်နှင့် ပြိုင်ပွဲစံချိန်သစ်တင်ခဲ့သည်။
တာထွက်ပြီးနောက် ကောင်းထိန်ယွီသည် ဦးဆောင်နေရာမှ ရယူထားကာ ပန်းတိုင်သို့ အစွမ်းကုန်ပြေးခဲ့ရာ မကြာသေးမီကမှ ကာဇက်စတန် ပြိုင်ပွဲဝင် ဖန်တီးထားသော အာရှတိုက်စံချိန်သစ်နှင့် ပြိုင်ပွဲစံချိန်ကို ကောင်းထိန်ယွီက ၉.၃၅ စက္ကန့် ဖြင့် ၀.၁၂ စက္ကန့်ပိုမြန်ကာ စံချိန်သစ်တင်၍ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ အဖွဲ့တူပါဝင်ယှဉ်ပြိုင်သည့် တောင်ကိုရီးယား ပြိုင်ပွဲဝင် Kim Junho က ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပွဲ အမျိုးသား မီတာ ၁၀၀ မြန်နှုန်းမြင့်စကိတ်ပြိုင်ပွဲ ဗိုလ်လုပွဲပြီးနောက် တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆုရှင် ကောင်းထိန်ယွီ (အလယ်)၊ ကာဇက်စတန်နိုင်ငံမှ ငွေတံဆိပ်ဆုရှင် Yevgeniy Koshkin နှင့် တောင်ကိုရီးယားနိုင်ငံမှ ကြေးတံဆိပ်ဆုရှင် Kim Junho တို့ကို ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————
(Chinese Version)
亚冬会 | 高亭宇破亚洲纪录夺速度滑冰男子100米冠军
新华社哈尔滨2月8日电(记者李典、岳冉冉)在8日举行的哈尔滨亚冬会速度滑冰男子100米比赛中,高亭宇滑出9秒35,以打破亚洲纪录和赛会纪录的成绩,夺得速度滑冰项目首枚金牌,这也是中国体育代表团在本届亚冬会上获得的冰上项目首金。
当日比赛共有22名选手参加男子100米的角逐,中国队共有高亭宇、廉子文、刘斌和薛智文四名选手参赛。高亭宇在最后一组外道出发,在他出场前,哈萨克斯坦选手叶夫根尼·科什金已经滑出9秒47的成绩,创造了新的亚洲纪录和赛会纪录。
出发后高亭宇一路领先,奋力冲线,9秒35,将此前哈萨克斯坦选手刚刚创造的亚洲纪录和赛会纪录提升了0.12秒,收获金牌,同组的韩国选手金俊昊摘铜。 (完)
图说1:Gao Tingyu of China competes during the men’s 100m final match of the speed skating event at the 9th Asian Winter Games in Harbin, northeast China’s Heilongjiang Province, Feb. 8, 2025. (Xinhua/Wang Kaiyan)
图说2:Gold medalist Gao Tingyu (C) of China, silver medalist Yevgeniy Koshkin of Kazakhstan and bronze medalist Kim Junho of South Korea pose during the awarding ceremony after the men’s 100m final match of the speed skating event at the 9th Asian Winter Games in Harbin, northeast China’s Heilongjiang Province, Feb. 8, 2025. (Xinhua/Li Yibo)