China
အမေရိကန်-ဂျပန်ပူးတွဲကြေညာချက်၌ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများအပေါ် တရုတ်နိုင်ငံက ယင်းနှစ်နိုင်ငံအား တရားဝင် အလေးအနက် ကန့်ကွက်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11c01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
ယခုရက်ပိုင်းများတွင် ထုတ်ပြန်သည့် အမေရိကန်-ဂျပန် ပူးတွဲကြေညာချက်၌ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်ခြင်း၊ တရုတ်နိုင်ငံအား အမည်ဖျက်တိုက်ခိုက်ပြောဆိုခြင်း၊ ဒေသတွင်း တင်းမာမှုအခြေအနေကို ချဲ့ကားခြင်းဖြစ်ရာ ထို့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်းနှင့် အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထောက်ပြပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အား တရားဝင် အလေးအနက် ကန့်ကွက်ကြောင်း ပြောကြားပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားအနက် အချက်အအချာ ဖြစ်ရာ မည်သည့် ပြည်ပစွက်ဖက်မှုကိုမျှ လက်သင့်ခံမည်မဟုတ်ကြောင်း ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန်-ဂျပန် နှစ်နိုင်ငံ အစိုးရသည် ထိုင်ဝမ်အရေးတွင် တရုတ်နိုင်ငံကို အလေးအနက် ကတိပြုပြီးဖြစ်ကြောင်း၊ အထူးသဖြင့် ဂျပန်အနေဖြင့် ထိုင်ဝမ်ကို ကျူးကျော်၍ ကိုလိုနီပြုခဲ့သော ဆိုးရွားသည့် သမိုင်းပြစ်မှုရှိရာ ထိုင်ဝမ်အရေးတွင် ပို၍ သတိထားပြောဆိုပြုမူသင့်ကြောင်း၊ လက်ရှိ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်သည့်လှုပ်ရှားမှုနှင့် ပြင်ပအင်အား၏ လက်လွတ်စပယ် အားပေးအားမြောက်ပြုခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အမှန်တကယ်ဂရုစိုက်သည်ဆိုလျှင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းပြီး “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ကို အတိအလင်း ကန့်ကွက်ရမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်ဒေသအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်း အစီအစဉ်များကို ပါဝင်တက်ရောက်ချိန်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒအရသာ စီမံရမည် ဖြစ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများသာ ပါဝင်နိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ရန် ထိုင်ဝမ်က မည်သည့်အထောက်အထား၊ အကြောင်းပြချက်နှင့် အခွင့်အရေးမျှ မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တျောက်ယွီသောင်နှင့် ၎င်းနှင့်ဆက်စပ်သောကျွန်းများသည် တရုတ်နိုင်ငံ၏ ရှိနှင့်ပြီးသော နယ်မြေပိုင်နက်ဖြစ်သည်ဟု ကောကျားခွန်းက ထောက်ပြပြောဆိုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာပင်လယ်ပြင်တွင် လှုပ်ရှားခြင်းသည် အပြည့်အဝ တရားဝင်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အစဉ်အမြဲ ဆောင်ရွက်ရာ တရုတ်က “စီးပွားရေးအရ ကျူးကျော်ြခင်း” ဟူသည်မှာ အခြေအမြစ်မဲ့ပြောဆိုခြင်းသက်သက်သာ ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
“အမေရိကန်၊ ဂျပန်အနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ ကိုယ်တိုင်ပြုထားသောကတိကဝတ်တွေကို စောင့်ထိန်းလိုက်နာဖို့၊ တရုတ်ပြည်တွင်းရေးစွက်ဖက်မှုကို ချက်ချင်းရပ်တန့်ဖို့၊ ‘ထိုင်ဝမ် သီးခြားရပ်တည်ရေး’ အင်အားကို ဘယ်လိုပုံစံနဲ့မှ မှားယွင်းတဲ့သတင်းစကားမပါးဖို့၊ တရုတ်နိုင်ငံရဲ့ နယ်မြေအချုပ်အခြာအာဏာနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွားကို လက်တွေ့ လေးစားဖို့၊ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ကြိုးကိုင်နေခြင်းအား ရပ်တန့်ဖို့၊ ဒေသတွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ လက်တွေ့ပါဝင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းတယ် ” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
中方就美日联合声明涉华内容向美日提出严正交涉
新华社北京2月10日电(记者朱超、邵艺博)外交部发言人郭嘉昆10日指出,近日发表的美日联合声明涉华内容公然干涉中国内政,攻击抹黑中国,渲染地区紧张局势,中方对此表示强烈不满,坚决反对。中方已向美方和日方提出严正交涉。
郭嘉昆在例行记者会上说,台湾问题纯属中国内政,是中国核心利益中的核心,不容任何外来干涉。美日两国政府在台湾问题上均向中方作出过郑重承诺,特别是日本负有侵略和殖民台湾的严重历史罪责,更应该在台湾问题上谨言慎行。当前台海和平的最大威胁是“台独”分裂行径和外部势力纵容支持。有关国家如果真的关心台海和平稳定,就应当恪守一个中国原则、旗帜鲜明反对“台独”。台湾地区参与国际组织活动,必须也只能按照一个中国原则处理,台湾没有任何依据、理由和权利参与只有主权国家才能参加的国际组织。
郭嘉昆指出,钓鱼岛及其附属岛屿是中国固有领土。中方在有关海域开展活动完全正当合法。中方一贯按照世贸组织规则行事,所谓中国“经济侵略”纯属无中生有。 “我们敦促美日恪守一个中国原则和自身承诺,立即停止干涉中国内政,不得以任何形式向‘台独’势力发出错误信号,切实尊重中方领土主权和海洋权益,停止操弄涉华议题,以实际行动为本地区的和平发展发挥建设性作用。”郭嘉昆说。(完)