China
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရီခရိုင်တွင် ရိုးရာဖျော်ဖြေပွဲများဖြင့် ယွမ်ရှောင်းပွဲတော်အား ကြိုဆိုကြ
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11y01.jpg)
ရွှီးရီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရီခရိုင်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ယွမ်ရှောင်းပွဲတော် ရိုးရာဖျော်ဖြေပွဲများကျင်းပခဲ့သည်။ အဖွဲ့ ၁၃ ဖွဲ့သည် မြို့လမ်းများပေါ်တွင် စီတန်းလှည့်လည်ခဲ့ကြရာ နဂါးအက၊ ခြင်္သေ့အက၊ ယန်းကဲအက၊ ငါးဖမ်းအက စသည့် စည်ကားသိုက်မြိုက်လှသော အစီအစဉ်များက မြို့အတွက် ကြိုင်လှိုင်လှသော ယွမ်ရှောင်းပွဲတော် အငွေ့အသက်များ ဖန်တီးပေးလျက်ရှိသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11y02.jpg)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရီခရိုင်၌ ကျင်းပသော ၁၀ ကြိမ်မြောက် ယွမ်ရှောင်း ရိုးရာစုဝေးဖျော်ဖြေပွဲတွင် နဂါးအက၊ ခြင်္သေ့အကများ ဖျော်ဖြေနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/11y03.jpg)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရွှီးရီခရိုင်တွင် ဖျော်ဖြေရေးအဖွဲ့များက လမ်းများ၌ စီတန်းလှည့်လည်နေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————————————————————
(Chinese Version)
江苏盱眙:民俗展演迎元宵
新华社照片,盱眙(江苏),2025年2月11日
当日,江苏省盱眙县举行元宵节民俗汇演活动。13支队伍在城市道路进行巡游。舞龙舞狮、秧歌舞、渔鼓舞等精彩纷呈的节目为城市营造出浓浓的元宵佳节氛围。 新华社记者 季春鹏 摄
1. 2月11日,展演队伍在盱眙县的道路上巡游(无人机照片)。
2. 2月11日,群众在盱眙县第十届元宵节民俗汇演活动上舞龙舞狮(无人机照片)。
3. 2月11日,展演队伍在盱眙县城市道路上巡游。