Media
ပြည်ထောင်စုတံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲကျင်းပ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ မြင်းစီးအားကစားဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်ကြသည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(ဒုတိယအကြိမ်) တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပြည်ထောင်စုတံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်က စတင်ကျင်းပနေပြီဖြစ်သည်။ အဆိုပါပြိုင်ပွဲများတွင် ဒုန်း၊ တန်းခုန်၊ မြန်မာ့ရိုးရာ အသားကျတန်း၊ မြန်မာ့ရိုးရာ ဓားရေး၊ စက်ထိုး စသည့် ပြိုင်ပွဲအမျိုးအစားများထည့်သွင်းကျင်းပကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်း၌ ကျင်းပသည့် အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ မြင်းစီးအားကစားသည် နိုင်ငံတကာအားကစားနည်းဖြစ်သလို မြန်မာ့ရိုးရာအားကစားနည်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)