Connect with us

Culture & Entertainment

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲအတွင်း သနပ်ခါးလိမ်းထားသူတစ်ဦးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် စိမ်းလန်းစိုပြည်ပန်းခြံတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
“ဒီသနပ်ခါးပြိုင်ပွဲက ကျွန်မတို့ ပထမဆုံးအကြိမ် စီစဉ်ကျင်းပတဲ့ပွဲဖြစ်ပါတယ်” ဟု MCHT တွဲဖက်အတွင်းရေးမှူး ဒေါ်အေးသန္တာထွန်းက ပြောခဲ့သည်။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ တိုင်းရင်းသားရိုးရာအစားအစာများ ခင်းကျင်းပြသခြင်းနှင့် ဈေးပွဲတော်ကိုလည်း ကျင်းပလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“အထူးသဖြင့် သနပ်ခါးလိမ်းတာ တော်တော်ကိုနည်းပါးလာပြီဖြစ်တဲ့ ဒီနေ့ခေတ် လူငယ်တွေကြားမှာ သနပ်ခါးနဲ့ပတ်သက်ပြီး အသိပညာတွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ဒီပွဲလေးကို ကျင်းပရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“သနပ်ခါးယဉ်ကျေးမှုနဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ပြိုင်ပွဲဝင်တွေအနေနဲ့ ဘယ်လိုမျိုး တင်ဆက်ကြမလဲဆိုတာကိုကြည့်ပြီး ကျွန်မတို့အနေနဲ့ ဆုတွေရွေးချယ်ချီးမြှင့်ပေးမှာပါ။ အကောင်းဆုံး အယူအဆဆု၊ အကောင်းဆုံးတင်ဆက်မှုဆုနဲ့ လူကြိုက်အများဆုံးဆု ဆိုပြီး ဆုအမျိုးအစား ၉ ခု သတ်မှတ်ထားပါတယ်” ဟု ဒေါ်အေးသန္တာထွန်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် သနပ်ခါးကို နေရောင်ဒဏ်ကာကွယ်ခြင်းနှင့် အသားအရည်ထိန်းသိမ်းခြင်းအတွက် လွန်ခဲ့သော နှစ်ပေါင်း ၁,၀၀၀ ကျော်ကတည်းက အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ သနပ်ခါးသည် ခရမ်းလွန်ရောင်ခြည်များကို ကာကွယ်ပေးခြင်း၊ collagen မြှင့်တင်ပေးခြင်း၊ အိုမင်းရင့်ရော်မှု လက္ခဏာများကို လျှော့ချပေးခြင်း၊ အသားအရည်ကို အေးမြစေခြင်း၊ စိတ်ကိုကြည်လင်လန်းဆန်းစေခြင်း စသည့် အကျိုးကျေးဇူးများပါရှိသော သဘာဝဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၆ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သနပ်ခါးလိမ်းခြယ်ခြင်းကို မြန်မာ့ရိုးရာနည်းနှင့် ဆန်းသစ်ဖန်တီးသောနည်းလမ်းများဖြင့် ပုံစံအမျိုးမျိုးလိမ်းခြယ်၊ တင်ဆက်ကာ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲအတွင်း သနပ်ခါးလိမ်းထားသူတစ်ဦးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Myanmar holds 1st Thanakha performance competition in Yangon
YANGON, Feb. 13 (Xinhua) — Myanmar held its first-ever performance competition of Thanakha — a traditional yellowish-white cosmetic paste made from ground barks of Thanakha tree — in Yangon on Wednesday evening.
The event was jointly organized by the Myanmar Cultural Heritage Trust (MCHT) and Seinn Lann So Pyay Garden as part of the 78th Union Day celebrations.
“This is the first time we are organizing a Thanakha competition,” said Aye Thandar Tun, associate secretary of MCHT, adding that an annual ethnic traditional food display and sales festival was also being organized from Feb. 11 to Feb. 13 to commemorate Union Day.
“The event also aims to raise awareness about Thanakha, especially among young people who wear it less often today,” she said.
“We will choose prizes on how contestants present Thanakha culture and its purpose. There are nine prize categories, including Best Concept, Best Performance, and the Popular Award,” she said.
Thanakha has been in use in Myanmar for more than 1,000 years for sun protection and skincare. It is a natural herb that protects against UV rays, boosts collagen, reduces signs of aging, cools the skin, and refreshes the mind, she added.
A total of 36 participant groups competed in the Thanakha competition, showcasing various traditional and creative ways of wearing and presenting Thanakha.
Photo 1, 2: A girl wears Thanakha on her face during the Thanakha performance competition in Yangon, Myanmar, Feb. 12, 2025. (Xinhua Myo Kyaw Soe)