Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သနပ်ခါးကို နေရောင်ဒဏ်ကာကွယ်ခြင်းနှင့် အသားအရည်ထိန်းသိမ်းခြင်းအတွက် လွန်ခဲ့သော နှစ်ပေါင်း ၁,၀၀၀ ကျော်ကတည်းက အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် စိမ်းလန်းစိုပြည်ပန်းခြံတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

သွေးချင်းစုံလင် သနပ်ခါးသဘင် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၆ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သနပ်ခါးလိမ်းခြယ်ခြင်းကို မြန်မာ့ရိုးရာနည်းနှင့် ဆန်းသစ်ဖန်တီးသောနည်းလမ်းများဖြင့် ပုံစံအမျိုးမျိုးလိမ်းခြယ်၊ တင်ဆက်ကာ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117