Videos
တရုတ်နိုင်ငံက အီဘိုလာ ရောဂါ ကာကွယ်ဆေး အမြောက်အများ ထုတ်လုပ်ရန် စီစဉ်
ထျန်ကျင်း၊ အောက်တိုလ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပုဂ္ဂလိက ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုသည် တရုတ်စစ်ဘက် သိပ္ပံပညာရှင်များ က ဖန်တီးလိုက်သည့် အီဘိုလာ ဗိုင်းရပ်စ် ကာကွယ်ဆေးကို အများအပြား ထုတ်လုပ်ရန် စီစဉ် နေကြောင်းသိရသည်။
ထျန်ကျင်း ကန်ဆိုင်နို ဇီဝနည်းပညာ ကုမ္ပဏီမှ အီဘိုလာ ဗိုင်းရပ် ကာကွယ်ဆေး ထုတ်လုပ်သည့် လုပ်ငန်း အခြေစိုက် စခန်းကို ထျန်ကျင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး ဧရိယာအတွင်း စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်း အရင်းအမြစ်များ အရ အောက်တိုဘာလ ၁၄ ရက် တွင် သိရသည်။
ရင်းနှီးမြှုပ်နှံမှု အနေဖြင့် စုစုပေါင်း ယွမ်ငွေ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၁၇ သန်း) ကုန်ကျမည် ဖြစ်ကြောင်းနှင့် စခန်း တည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ် နိုင်မည်ဟု ခန့်မှန်း ကြသည်။
အဆိုပါ စခန်းမှ အဆုတ်ရောင်နာ၊ ဦးနှောက် အမြှေးပါးရောင် ရောဂါ နှင့် အဆုတ်နာ ရောဂါများ အတွက် ကာကွယ် ဆေးများကိုလည်း ထုတ်လုပ် ပေးနိုင်မည် ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင် ကာကွယ်ဆေး အလုံးပေါင်း သန်း၂၀၀ ကျော် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)