Connect with us

Videos

ရွေးကောက်ပွဲအား မူလ သတ်မှတ်ထားသည့်ရက် အတိုင်းကျင်းပ သွားမည်

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ပါတီစုံအထွေထွေရွေးကောက်ပွဲ ကြီးအား မူလသတ်မှတ်ထားသည့် ရက်အတိုင်း ရက်ရွှေ့ဆိုင်းခြင်းမပြုဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီအစည်းအဝေးပြီးနောက် ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ဗဟို ကော်မတီ အဖွဲ့ဝင် များ၏ တင်ပြချက်များ အရ ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်း လိုက်ပါက ဖြစ်ပေါ်လာ နိုင်သည့် အကျိုးအပြစ် များကို လေ့လာ သုံးသပ် ၍ ရက်ရွှေ့ဆိုင်းခြင်း မပြုတော့ဘဲ မူလ သတ်မှတ်ထားသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့ တွင်ပင် အထွေထွေ ရွေးကောက်ပွဲ များ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ကော်မရှင် မှ ဆုံးဖြတ်ခဲ့ပြီး ၎င်းဆုံးဖြတ်ချက်အား အတည်ပြု သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ဗဟို ကော်မတီ အစည်းအဝေး (၂/၂၀၁၅) အား အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နေပြည်တော် တွင် ကျင်းပ ပြုလုပ် ခဲ့ ပြီး တိုင်းဒေသ ကြီး နှင့် ပြည်နယ် အချို့၌ ဖြစ်ပွားနေသော ရေကြီး နစ်မြုပ်မှု သဘာဝ ဘေး အန္တရာယ် များ ၊ နယ်မြေ အေးချမ်းမှု အပေါ် မူတည်၍ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှု အခြေအနေ ၊ မဲဆန္ဒရှင် များ အဆင်ပြေစွာ မဲပေးနိုင်မှု အခြေအနေ များအပေါ် သုံးသပ်၍ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းရန် သင့်/မသင့် ကော်မတီ အဖွဲ့ဝင်များ၏ သဘောထားကို တင်ပြကြရန် ဆွေးနွေး ခဲ့ဲကြခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.