Connect with us

မြန်မာ-中文

တရုတ်အာကာသယာဉ်မှူး လျိုယန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် တရုတ်နိုင်ငံ အမျိုးသမီးများ၏လုပ်ငန်းဆိုင်ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်သည့် အောင်မြင်မှုအား မိတ်ဆက်ပြောကြား

တရုတ်နိုင်ငံ အာကာသယာဉ်မှူး လျိုယန်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ နိုင်ငံပေါင်းစုံနန်းတော်၌ ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေး “ပေကျင်းကြေညာချက်နှင့် လှုပ်ရှားမှုအစီအစဉ် နှစ် ၃၀ ပြည့်” အဆင့်မြင့်အစည်းအဝေးတွင် ဗီဒီယိုဖြင့် အဓိကအမှာစကား ပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေးသည် ဖေ‌ဖော်ဝါရီ ၂၄ ရက်တွင် “ပေကျင်းကြေညာချက်နှင့် လှုပ်ရှားမှုအစီအစဉ် နှစ် ၃၀ ပြည့်” အဆင့်မြင့်အစည်းအဝေး ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံမှ အာကာသအတွင်းသို့ ပထမဆုံးဝင်ရောက်သည့် အမျိုးသမီး အာကာသယာဉ်မှူး လျိုယန်က ကမ္ဘာ့ထူးချွန်အမျိုးသမီး ကိုယ်စားလှယ်အနေဖြင့် ဗီဒီယိုဖြင့် အဓိကအမှာစကား ပြောကြားခဲ့ရာ တရုတ်နိုင်ငံ အမျိုးသမီးများ၏ လုပ်ငန်းဆိုင်ရာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အယူအဆနှင့် အောင်မြင်မှုများကို မိတ်ဆက်ပြောကြားခဲ့သည်။

လျိုယန်က “ပေကျင်းကြေညာချက်” စိတ်ဓာတ်၏ အကျိုးခံစားသူ၊ လက်တွေ့ဖော်ဆောင်သူအနေဖြင့် ရှန်ကျိုးအာကာသယာဉ်အင်ဂျင်ကို စတင်မောင်းနှင်လိုက်စဉ်တွင် ခံစားရသည်မှာ တန်ချိန် ၆၀၀ တွန်းအား၏ တုန်လှုပ်မှုခံစားချက်သာမက သန်းပေါင်းရာနှင့်ချီသော တရုတ်အမျိုးသမီးများ၏ တွန်းအားလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အလေးချိန် ၈ ဆရှိသည့် ဗဟိုခွာစက်မှ ကျဉ်းမြောင်းသည့် ပတ်ဝန်းကျင်တွင် ၇၂ နာရီကြာ စိတ်ပိုင်းဆိုင်ရာ အသားကျအောင် လေ့ကျင့်မှုအထိ တရုတ်နိုင်ငံ အာကာသလုပ်ငန်း၏ “စံနှုန်းရှေ့တွင် ကျား/မ ခွဲခြားမှု မရှိ” ဟူသော တန်းတူညီမျှ အယူအဆသည် တရုတ်နိုင်ငံ အမျိုးသမီးများ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၏ အဓိကလောဂျစ် (Logic) ကို ပေါ်လွင်စေရာ ယင်းမှာ စနစ်ပိုင်းဆိုင်ရာ အာမခံချက်ဖြင့် မျှတစွာယှဉ်ပြိုင်မှု ပတ်ဝန်းကျင် ဖန်တီးခြင်းဖြစ်ကြောင်း၊ ယင်းသည် “ပေကျင်းကြေညာချက်” စိတ်ဓာတ်ကို အသေးစိတ်လက်တွေ့ဖော်ဆောင်မှုဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Philemon Yang ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ၊ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ အမှုဆောင်ဒါရိုက်တာ Sima Sami Bahous တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးသမဂ္ဂ (ITU) အတွင်းရေးမှူးချုပ် Doreen Bogdan-Martin ၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံဖြိုးတိုးတက်မှု ညီလာခံ (UNCTAD) အတွင်းရေးမှူးချုပ် Rebeca Grynspan ၊ ကုလသမဂ္ဂ၏ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကော်မတီ ဥက္ကဋ္ဌ Nahla Haidar တို့ကလည်း အမှာစကားပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံများမှ အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း ကိုယ်စားလှယ်များလည်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………
(Chinese Version)
中国航天员刘洋在联合国人权理事会宣介中国妇女事业高质量发展成就
新华社日内瓦2月25日电 联合国人权理事会第58届会议24日举办“《北京宣言》和《行动纲领》三十周年”高级别会议。中国首位进入太空的女航天员刘洋作为世界杰出妇女代表以视频方式作主旨发言,介绍新时代中国妇女事业高质量发展理念和成就。
刘洋表示,作为《北京宣言》精神的受益者、践行者,当神舟飞船引擎点燃时,感受到的不仅仅是600吨推力的震撼,更是亿万中国女性托举的力量。从8倍重力的离心机到72小时狭小环境心理适应性训练,中国航天“标准面前无性别”的平等理念彰显了中国妇女事业发展的核心逻辑,即通过制度保障创造公平竞争环境,这正是《北京宣言》精神的具体实践。
第79届联合国大会主席菲勒蒙、联合国人权事务高级专员图尔克、联合国妇女署执行主任巴胡斯致开幕辞。国际电信联盟秘书长多琳、联合国贸易和发展会议秘书长格林斯潘、联合国消除对妇女歧视委员会主席海达尔等作主旨发言。各国政府、非政府组织代表与会并发言。(完)
图说:这是2月24日在瑞士日内瓦万国宫拍摄的中国航天员刘洋在联合国人权理事会第58届会议“《北京宣言》和《行动纲领》三十周年”高级别会议上以视频方式做主旨发言。新华社记者 连漪 摄