Connect with us

CPPCC

၂၀၂၅ ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ် သတင်းမီဒီယာစင်တာ စတင်အသုံးပြုပြီဖြစ်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ပေကျင်း အနောက်ချန်အန်းလမ်းမကြီး မြောက်ဘက်ခြမ်း မီဒီယာစင်တာရှိ တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ် သတင်းမီဒီယာစင်တာကို ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားဝင် စတင် အသုံးပြုပြီ ဖြစ်သည်။

လက်ရှိတွင် တရုတ်ပြည်တွင်းပြည်ပ သတင်းထောက်ပေါင်း ၃,၀၀၀ ကျော်က ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီး နှစ်ရပ်ဆိုင်ရာ တွေ့ဆုံမေးမြန်းရေးအတွက် အမည်စာရင်တင်သွင်းထားပြီဖြစ်သည်။ ၎င်းတို့အနက် တရုတ်ပြည်တွင်း သတင်းထောက် ၂,၀၀၀ ကျော်၊ တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် သတင်းထောက်နှင့် နိုင်ငံခြားသတင်းထောက် ၁,၀၀၀ ကျော် ပါဝင်ရာ သတင်းထောက် အမည်စာရင်းတင်သွင်းသည့် အရေအတွက် ပမာဏမှာ ယမန်နှစ်ကထက် ထပ်မံတိုးပွားလာကြောင်း သိရသည်။ တရုတ်ပြည်လုံးဆိုင်ရာ အစည်းအဝေးကြီးနှစ်ရပ် သတင်းမီဒီယာစင်တာသည် တံခါးဖွင့်လှစ်မှု၊ ပွင့်လင်းမြင်သာမှု စိတ်ဓာတ်ဖြင့် တရုတ်ပြည်တွင်းပြည်ပ သတင်းထောက်များအား သတင်းဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
新华社权威快报|2025年全国两会新闻中心启用
2月27日,设在北京西长安街北侧梅地亚中心的全国两会新闻中心正式启用。
目前已有3000多名中外记者报名采访全国两会,其中境内记者2000多名,港澳台记者和外国记者1000多名,记者报名数量比去年有进一步增长。全国两会新闻中心将秉持开放、透明精神,为中外记者提供新闻服务。
记者:于佳欣、邵艺博
设计:胡戈
新华社国内部出品