Connect with us

Media

အီးယူမှ တင်သွင်းသော မော်တော်ယာဉ်နှင့် အခြားထုတ်ကုန်များအပေါ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဟု ထရမ့် ပြော

အမေရိကန် အစိုးရအနေဖြင့် မော်တော်ယာဉ်များ အပါအဝင် ဥရောပသမဂ္ဂ (အီးယူ) ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဆုံးဖြတ်ချက်ချပြီးပါပြီ။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး မကြာခင် ကြေညာသွားမှာပါ။ ယေဘုယျအားဖြင့်ဆိုရင်တော့ ၂၅ ရာခိုင်နှုန်း ဖြစ်ပါလိမ့်မယ်။ မော်တော်ယာဉ်တွေနဲ့ တခြားထုတ်ကုန်အားလုံးကို ကောက်ခံမှာပါ” ဟု အိမ်ဖြူတော်၌ အစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်စဉ် ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………………….
(English Version)
Trump says to impose 25 pct tariffs on EU cars, other products
U.S. President Donald Trump said on Wednesday that his administration has made a decision to impose 25 percent tariffs on products from the European Union (EU), including cars.
“We have made a decision. We’ll be announcing it very soon, and it’ll be 25 percent generally speaking, and that’ll be on cars and all other things,” Trump told reporters at a White House cabinet meeting.