North America
ထရမ့်နှင့် ဇယ်လန်းစကီး အိမ်ဖြူတော်တွင် အပြင်းအထန် ငြင်းခုံမှု ဖြစ်ပွား

ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၈ ရက်တွင် အိမ်ဖြူတော်သို့ ရောက်ရှိလာသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် မီဒီယာများအရှေ့တွင် အပြင်းအထန် ငြင်းခုံမှု ဖြစ်ပွားခဲ့ရာ ဇယ်လန်းစကီးက အိမ်ဖြူတော်မှ ဆောလျင်စွာ ထွက်ခွာခဲ့သည်။ နှစ်ဖက်၏ မူလအစီအစဉ်အရ တွေ့ဆုံမှုအပြီးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပပြီး အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ အဆိုပါနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပြီး သဘောတူစာချုပ် မချုပ်ဆိုရသေးကြောင်း သိရသည်။
အဆိုပါနေ့တွင် ထရမ့်နှင့် ဇယ်လန်းစကီးတို့ အိမ်ဖြူတော် ဘဲဥပုံရုံးခန်း (The Oval Office) ၌ တွေ့ဆုံခဲ့ပြီး အမေရိကန် ဒုတိယ သမ္မတ JD Vance လည်း တက်ရောက်ခဲ့သည်။ ၎င်းတို့သုံးဦးသည် မီဒီယာများရှေ့တွင် အပြင်းအထန် ငြင်းခုံမှုဖြစ်ခဲ့ကြသည်။ ထရမ့်က ဇယ်လန်းစကီး၏ ရုရှား သမ္မတ ပူတင်အပေါ် အမုန်းတရားများကြောင့် အမေရိကန်အနေဖြင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို တွန်းအားပေးရန် အလွန်ခက်ခဲစေခဲ့ကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရန် ရည်ရွယ်သော ထရမ့်၏ သံတမန်ရေး လှုပ်ရှားမှုကို Vance က ကာကွယ်ပြောကြားမှုအပြီး ဇယ်လန်းစကီးက ၎င်းအနေဖြင့် အမေရိကန် စသည့် အနောက်နိုင်ငံများက ရုရှား၏ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်း နယ်မြေများအပေါ် အဆက်မပြတ် “သိမ်းပိုက်မှု” များအား “မည်သူမျှ” မတားမြစ်ခဲ့သည့်အပေါ် အပြစ်တင်ခဲ့ပြီး “ဒါက ဘာသံတမန်လုပ်ရပ်လဲ” ဟု တုံ့ပြန်ခဲ့သည်။
ယင်းအပြီးတွင် Vance က ဘဲဥပုံရုံးခန်းတွင် မီဒီယာများရှေ့၌ ဇယ်လန်းစကီးက ဤကိစ္စများကို အငြင်းပွားနေခြင်းသည် အမေရိကန်အပေါ် “လေးစားမှု” မရှိကြောင်း၊ ၎င်းအနေဖြင့် ထရမ့်၏ ပဋိပက္ခ အဆုံးသတ်ရေးအပေါ် ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်သင့်ကြောင်း ပြောကြားခဲ့သည်။ ဇယ်လန်းစကီးကမူ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်စဉ်အတွင်း အမေရိကန် အပါအဝင် ဘက်အသီးသီး၏ လုပ်ရပ်များအားလုံးသည် ပြဿနာရှိကြောင်း၊ “ဒါပေမဲ့ သမုဒ္ဒရာခြားနေတော့ ခင်ဗျားတို့က အခု ပြဿနာကို ခံစားမိမှာမဟုတ်သေးပေမဲ့ နောင်ကျရင် ခံစားမိလိမ့်မယ်” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ထရမ့်က “ကျုပ်တို့ရဲ့ခံစားချက်အပေါ် အမိန့်ပေးဖို့ ခင်ဗျားမှာ အရည်အချင်းမရှိဘူး၊ ကျုပ်တို့က ကောင်းမွန်ပြီး အင်အားရှိတယ်လို့ ခံစားရလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ လက်ရှိအခြေအနေက သိပ်မကောင်းဘူး။ ခင်ဗျားကိုယ်ခင်ဗျား အရမ်းဆိုးတဲ့ အခြေအနေထဲ ရောက်စေတယ်… ခင်ဗျားမှာ ကစားဖို့ ကတ်တွေမရှိတော့ဘူး၊ အခု ကျုပ်တို့ ရှိလို့ ခင်ဗျားမှာ ကစားဖို့ ကတ်တွေ စရှိလာတာ။ ခင်ဗျားက သန်းနဲ့ချီတဲ့ လူတွေအသက်ကို ရင်းပြီး လောင်းကြေးထပ်နေတာ၊ တတိယကမ္ဘာစစ်ကြီးကို အလောင်းအစားလုပ်နေတာ။ ခင်ဗျားရဲ့ လုပ်ရပ်တွေက (အမေရိကန်အပေါ်) လေးစားမှု မရှိဘူး” ဟု ပြန်ချေပ ပြောဆိုခဲ့သည်။
ဇယ်လန်းစကီးက ထရမ့်၏ အထက်ပါ ပြောဆိုမှုများကို ပြန်လည်ချေပပြောဆိုရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ စကားသံ အားလုံးနီးပါးသည် ထရမ့်၏ ဖိနှိပ်ခြင်းခံခဲ့ရသည်။ ထရမ့်၏ ယူကရိန်းကို “ကယ်တင်ရန်” ကြိုးစားမှုအပေါ် ကျေးဇူးတင်ခြင်း မရှိသည့်အတွက် Vance က ဇယ်လန်းစကီးအား ထပ်မံ ပြစ်တင်ပြောဆိုခဲ့သည်။ ဇယ်လန်းစကီးက Vance အား ပြန်လည်ချေပပြောဆိုနေစဉ် ထရမ့်က ၎င်း၏စကားကို ကြားဖြတ်ကာ “ခင်ဗျားပြောတာ အလွန်များနေပြီ၊ ခင်ဗျားနိုင်ငံက ပြဿနာအကြီးကြီးတက်နေတယ်၊ ခင်ဗျား အောင်မြင်မှု မရနိုင်ဘူး၊ အဲဒီကနေ ရုန်းထွက်လာဖို့ အစက ခင်ဗျားမှာ အလွန်ကောင်းတဲ့ အခွင့်အရေးရှိတယ်” ဟု ပြောခဲ့သည်။
ထရမ့်က ငြင်းခုံမှုပြီးနောက် ဆိုရှယ်မီဒီယာတွင် ဇယ်လန်းစကီးက “အမေရိကန် ပါဝင်တဲ့ အခြေအနေအောက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး…ဇယ်လန်းစကီးက အမေရိကန်မြတ်နိုးတန်ဖိုးထားတဲ့ ဘဲဥပုံရုံးခန်းမှာ အမေရိကန်အပေါ် မလေးမစားလုပ်တယ်။ သူ့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ သူပြန်လာလို့ရတယ်” ဟု ရေးသားဖော်ပြခဲ့သည်။ အဆိုပါနေ့ အိမ်ဖြူတော်မှ ထွက်ခွာခဲ့ပြီးနောက် ဇယ်လန်းစကီးက အမေရိကန်၏ ယူကရိန်းအပေါ် ပံ့ပိုးပေးခဲ့သော ထရမ့်နှင့် အမေရိကန်ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း၊ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းက “ယူကရိန်းမှာ တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး လိုအပ်နေပြီး အဲဒီအတွက် ကျွန်တော် ကြိုးစားနေပါတယ်” ဟု ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ငြင်းခုံမှုဖြစ်ပွားပြီးနောက် ဇယ်လန်းစကီးနှင့် ၎င်းဦးဆောင်သော ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ဘဲဥပုံရုံးခန်းမှ ထွက်ခွာ၍ သီးသန့်အခန်းတစ်ခုသို့ သွားခဲ့ရာ ပြီးနောက်တွင် အမေရိကန်ဘက်က အိမ်ဖြူတော်မှ ထွက်ခွာရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် CBS ရုပ်သံလိုင်း သတင်းထောက်၏ ထုတ်ပြောပြောကြားချက်အရ သိရသည်။ “The New York Times” ၏ အိမ်ဖြူတော် ထိပ်တန်းသတင်းထောက် Baker က ယင်းမှာ ၁၉၉၆ ခုနှစ် ၎င်းအိမ်ဖြူတော်သတင်းဌာနသို့ ရောက်ရှိချိန်မှစ၍ ဤကဲ့သို့ မြင်ကွင်းမျိုးကို ပထမဆုံးမြင်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ငြင်းခုံမှု ဖြစ်ပွားခဲ့သော်လည်း ထရမ့်အနေဖြင့် ယူကရိန်းနှင့် သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ထိုးမည့် ဖြစ်နိုင်ခြေကို ပယ်ချခဲ့ခြင်းမရှိသေးကြောင်း၊ သို့သော် ယင်းသည် ယူကရိန်းဘက်က “အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုအတွက် အသင့်” ဖြစ်သည့်အချိန်ကို စောင့်ရမှာဖြစ်ကြောင်း၊ ဖျက်သိမ်းခဲ့သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို အမေရိကန်မှ ဇယ်လန်းစကီး မထွက်ခွာမီ ရက်ရွှေ့ကျင်းပခြင်း ရှိနိုင်/ မရှိနိုင်မှာ “ယူကရိန်းအပေါ် မူတည်” ကြောင်း အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦး၏ စကားကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အိမ်ဖြူတော်မှ ယူကရိန်း သမ္မတ ဇယ်လန်းစကီး (ဝဲဘက်၊ တတိယ) ထွက်ခွာသွားသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
特朗普与泽连斯基在白宫发生激烈争吵
新华社华盛顿2月28日电(记者邓仙来 颜亮)美国总统特朗普2月28日与到访白宫的乌克兰总统泽连斯基在媒体前爆发激烈争吵,泽连斯基提前离开白宫。双方原计划在会晤后召开联合记者会并签署美乌矿产协议。当天联合记者会已被取消,协议暂未签署。
特朗普和泽连斯基当天在白宫椭圆形办公室会面,美国副总统万斯在座。三人在媒体面前发生激烈争吵。特朗普指责泽连斯基对俄总统普京的仇恨让美方很难促成俄乌和平协议。在万斯为特朗普旨在结束俄乌冲突的外交行动发表辩护后,泽连斯基予以回击,他抱怨美国等西方国家“没有人”阻止俄罗斯自2014年至2022年间不断“占领”乌领土,“这是什么外交行为?”
万斯随后表示,泽连斯基在椭圆形办公室面对媒体争论这些事情是对美国的“不敬”,他应该感谢特朗普为结束冲突所作努力。泽连斯基则回击说,俄乌冲突过程中,包括美国在内的各方做法都有问题,“但隔着大洋,你们现在没感受到问题,但未来你们会感受到的”。
特朗普立即反击说:“你没有资格对我们的感受发号施令,我们将感觉很好、很有力量,而你现在的处境不是太好,你让自己处在非常糟糕的境地……你无牌可出,现在有了我们,你才开始有牌可出。你在拿数百万人的生命当赌注,你在拿第三次世界大战当赌注。你的所作所为是(对美国的)不敬。”
泽连斯基试图对特朗普上述言论进行反驳,但其声音几乎彻底被特朗普压制。万斯又指责泽连斯基不对特朗普“挽救”乌克兰的努力表达感激。在泽连斯基对万斯进行反驳时,特朗普打断他的话说:“你说的太多了,你的国家正处在大麻烦中,你没法获得胜利,你本来有很好的机会摆脱出来。”
特朗普在争吵发生后在社交媒体上发文说,泽连斯基“未准备好在美国参与的情况下实现和平……泽连斯基在美国珍视的椭圆形办公室里对美国不敬。等他准备好实现和平时,他可以回来”。 泽连斯基当天在离开白宫后在社交媒体上发文,对美国给予乌克兰的支持向特朗普和美国人民表达感谢,但他同时强调:“乌克兰需要正义和持久的和平,我们正为此努力。”
据美国哥伦比亚广播公司记者披露的细节,在发生激烈争吵后,泽连斯基及其率领的乌方代表团离开椭圆形办公室去往一个单独房间,然后被美方要求离开白宫。《纽约时报》驻白宫首席记者贝克说,这是他1996年报道白宫新闻以来,首次见到这种场面。
路透社引述一名美国高级官员的话说,虽然发生争吵,特朗普未排除与乌方签署矿产协议的可能,但要等到乌方“准备好进行建设性对话”时,已取消的联合记者会能否在泽连斯基离开美国前改期举行“取决于乌方”。(完)
图说:2月28日,美国总统特朗普在华盛顿白宫迎接乌克兰总统泽连斯基(右)。新华社记者 胡友松 摄
图说:2月28日,乌克兰总统泽连斯基(左三)离开美国华盛顿白宫。新华社记者 胡友松 摄