Europe
အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးရန် “ဆန္ဒ” ရှိနေဆဲဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြား

လန်ဒန်၊ မတ် ၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိမ်ဖြူတော်တွင် အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက် လက်မှတ် မရေးထိုးနိုင်ခဲ့သော်လည်း ၎င်းအနေဖြင့် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် “ဆန္ဒ” ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက မတ် ၂ ရက် ညပိုင်း BBC တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်က အမေရိကန် သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ကတောက်ကဆ ဖြစ်ပွားမှုများနှင့် ပြည့်နှက်ခဲ့သော်ငြားလည်း ၎င်းအနေဖြင့် အမေရိကန်နှင့် “အပြုသဘောတွေ့ဆုံဆွေးနွေးရန်” ဆန္ဒရှိဆဲ ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ အကယ်၍ ဖိတ်ကြားချက် ရရှိမည်ဆိုပါက ၎င်းအနေဖြင့် အိမ်ဖြူတော်သို့ တစ်ဖန်ပြန်သွား၍ ထပ်မံဆွေးနွေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
“(ရုရှား-ယူကရိန်း) ငြိမ်းချမ်းရေး သဘောတူညီချက် မရှိတဲ့ အခြေအနေမှာ၊ စီးပွားရေးသဘောတူညီချက် မရရှိနိုင်ဘူး” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က မတ် ၂ ရက် CBS ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ဇယ်လန်းစကီးက “သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် တွန်းအားပေးဖော်ဆောင်တဲ့ အစီအစဉ်ကို ရှုပ်ထွေးအောင် လုပ်ခဲ့တယ်” ဟု ပြောကြားသည်။ (Xinhua)
…………………………..
(Chinese Version)
泽连斯基:仍“愿意”签署美乌矿产协议
新华社伦敦3月2日电(记者郑博非)乌克兰总统泽连斯基2日晚在接受英国广播公司采访时表示,尽管未能在美国白宫达成美乌矿产协议,但他仍“愿意”签署该协议。
泽连斯基表示,尽管上周同美国总统特朗普的会晤充满摩擦,他仍愿意与美国进行“建设性对话”。他表示,如果收到邀请,他愿意重返白宫进行进一步会谈。
美国财政部长斯科特·贝森特2日在接受美国哥伦比亚广播公司采访时表示,“在没有(俄乌)和平协议的情况下,不可能达成经济协议”。他称泽连斯基“打乱了矿产协议与和平协议的推进顺序”。(完)
1. 2月28日,美国总统特朗普在华盛顿白宫迎接乌克兰总统泽连斯基(右)。新华社记者 胡友松 摄