Connect with us

Africa & Middle East

အာရပ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ၍ အာရပ်နိုင်ငံများ အရေးပေါ် ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်

အစည်းအဝေး တက်ရောက်သော အာရပ်နိုင်ငံခေါင်းဆောင်များကို ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Saudi Press Agency)

ကိုင်ရို၊ မတ် ၄ ရက် (ဆင်ဟွာ)
အာရပ်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မတ် ၃ ရက်တွင် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ နှစ်ဖက်အစည်းအဝေးများစွာ ကျင်းပခဲ့ပြီး မတ် ၄ ရက်တွင် ကျင်းပမည့် အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ခဲ့သည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များစွာ၌ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ဖက်အစည်းအဝေးများတွင် ပါလက်စတိုင်းသားများအား နေရပ်မှ နှင်ထုတ်ခြင်းအား အာရပ်နိုင်ငံများက ကန့်ကွက်မှုကို အဓိကထားဆွေးနွေးခဲ့ကာ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးခြင်း အပါအဝင် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးကို မဖြစ်မနေ လျင်မြန်စွာလုပ်ရန် အလေးထား ပြောကြားခဲ့ပြီး အပျက်အစီးများရှင်းလင်းခြင်းနှင့် အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း စသည့် အစောပိုင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ချက်ချင်း စတင်လုပ်ဆောင်ရမည့်အပြင် တစ်ချိန်တည်းတွင် ပါလက်စတိုင်းသားများ ဂါဇာဒေသ၌ ဆက်လက်နေထိုင်ရေးအား အာမခံရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အပစ်ရပ်စဲရေး သဘောတူညီချက်အား ဘက်စုံဖော်ဆောင်မှုကို အာမခံနိုင်ရန်အတွက် တစ်ပြေးညီဖြစ်သော ဒေသတွင်းနှင့် နိုင်ငံတကာလှုပ်ရှားမှုများကို ညှိနှိုင်းလုပ်ဆောင်ရန် အစည်းအဝေးတွင် အလေးထား ပြောကြားခဲ့ပြီး ယင်းသည် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အခြေခံတွင် ပါလက်စတိုင်းပြဿနာအား ရေရှည် ဘက်စုံဖြေရှင်းသည့် “အရေးပါသော ပထမခြေလှမ်း” ဟုပင် ခေါ်ဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………
(Chinese Version)
阿拉伯多国外长会晤筹备阿拉伯国家紧急峰会
新华社开罗3月3日电(记者董修竹)阿拉伯多国外长3日在埃及首都开罗举行一系列双边会议,为定于4日举行的阿拉伯国家紧急峰会做准备。
根据埃及外交部当天发表的多份声明,几场外长双边会议重点讨论阿拉伯国家反对将巴勒斯坦人赶出家园,并强调迫切需要迅速重建加沙地带,包括提供人道主义援助和立即开始早期恢复工作,如清除瓦砾和重建基础设施,同时确保巴勒斯坦人留在加沙。
会议还强调应采取协调一致的区域和国际行动,以保证全面执行停火协议,并称之为在“两国方案”基础上持久全面解决巴勒斯坦问题“关键的第一步”。(完)
图说:2月21日,参会的阿拉伯国家领导人在沙特阿拉伯首都利雅得合影。新华社发(沙特通讯社供图)