Connect with us

China

အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို ပို့ကုန် ကြီးကြပ်ထိန်းချုပ်ရေး နာမည်စာရင်းတွင် တရုတ်နိုင်ငံ ထည့်သွင်း

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
Leidos ကုမ္ပဏီစသည့် အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို ပို့ကုန် ကြီးကြပ်ထိန်းချုပ်ရေး နာမည်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာ အစီအမံများ လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လ ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန် စီမံထိန်းချုပ်မှုဆိုင်ရာဥပဒေ” နှင့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်မျိုးသုံးကုန်ပစ္စည်းများ၏ ပို့ကုန် စီမံထိန်းချုပ်မှုဆိုင်ရာဥပဒေ” စသည့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ နိုင်ငံလုံခြုံရေးနှင့် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်၊ ပြန့်ပွားမှု တားဆီးရေးစသည့် နိုင်ငံတကာ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် Leidos ကုမ္ပဏီစသည့် အမေရိကန် အဖွဲ့အစည်း ၁၅ ခုကို တင်ပို့မှု ကြီးကြပ်ထိန်းချုပ်ရေး နာမည်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ပြီး အောက်ပါ အစီအမံများကို လုပ်ဆောင်သွားမည်ဖြစ်ရာ (၁) ဤ အမေရိကန် အဖွဲ့အစည်း ၁၅ ခုသို့ နှစ်မျိုးသုံးကုန်ပစ္စည်းများတင်ပို့မှုကို တားမြစ်ခြင်း၊ လုပ်ဆောင်လျက်ရှိသော သက်ဆိုင်ရာ ပို့ကုန်လုပ်ငန်းများကို ချက်ချင်းရပ်တန့်ခြင်း၊ (၂) အထူးအခြေအနေအရ အမှန်တကယ်လိုအပ်ပါက တင်ပို့သူသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ကြေညာချက်ထုတ်ပြန်သည့်ရက်မှစ၍ တရားဝင် စတင်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
中国将15家美国实体列入出口管制管控名单
新华社北京3月4日电 商务部4日发布公告,决定将莱多斯公司等15家美国实体列入出口管制管控名单,并采取有关措施。
公告称,根据《中华人民共和国出口管制法》和《中华人民共和国两用物项出口管制条例》等法律法规有关规定,为维护国家安全和利益,履行防扩散等国际义务,决定将莱多斯公司等15家美国实体列入出口管制管控名单,并采取以下措施:一、禁止向上述15家美国实体出口两用物项;正在开展的相关出口活动应当立即停止。二、特殊情况下确需出口的,出口经营者应当向商务部提出申请。公告自公布之日起正式实施。(完)