Connect with us

CPPCC

စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်း ရည်မှန်းချက်တွင် ပံ့ပိုးမှုရှိသည်ဟု CPPCC ကော်မတီဝင် ကျင်းလီက ပြောကြား

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)
မတ်လ ၅ ရက်က (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးတွင် စိစစ်ဆွေးနွေးရန် တင်သွင်းသည့် အစိုးရလုပ်ငန်းအစီရင်ခံစာ၌ ၂၀၂၅ ခုနှစ် စီးပွားရေးတိုးတက်မှု ကြိုတင်ရည်မှန်းချက်ကို ၅ ရာခိုင်နှုန်းဝန်းကျင်ခန့် သတ်မှတ်ခဲ့သည်။

စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းခန့် ကြိုတင်ရည်မှန်းချက်မှာ တရုတ်နိုင်ငံစီးပွားရေး တိုးတက်နိုင်စွမ်းအား အလားအလာနှင့် နီးကပ်စွာ ကိုက်ညီလျက်ရှိရာ အကျိုးဖြစ်ထွန်းစေသည့်အကြောင်းတရားများ ပံ့ပိုးမှုရှိသလို လတ်တလောနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ဖြင့် ချိတ်ဆက်ယှက်နွှယ်လျက်ရှိကြောင်း တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အဖွဲ့ဝင်၊ တောင်ပိုင်း သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (SUSTech) ဒုတိယပါမောက္ခချုပ် ကျင်းလီက ဆင်ဟွာသတင်းဌာနက မတ် ၆ ရက်တွင် စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီးတွင် ပြောကြားခဲ့သည်။

“၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံစီးပွားရေးလည်ပတ်မှုက ယေဘုယျအားဖြင့် တည်ငြိမ်သလို တည်ငြိမ်မှုအတွင်း တိုးတက်မှုရှိတာကြောင့် ကြံ့ကြံ့ခံမှုနဲ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုရလဒ် ပေါ်လွင်တဲ့ အဖြေပေးနိုင်ခဲ့တယ်” ဟု ကျင်းလီက ဆိုသည်။
၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ၏ ဂျီဒီပီ စုစုပေါင်းတန်ဖိုးမှာ ပထမဆုံးအကြိမ်အဖြစ် ယွမ် ၁၃၀ ထရီလီယံကို ကျော်လွန်ခဲ့ပြီး စတုတ္ထ သုံးလပတ်တွင် စီးပွားရေးတိုးတက်မှု အရှိန်ဟုန်သည် ၅.၄ ရာခိုင်နှုန်း အထိ ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၂၅ ခုနှစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ပြင်ပဖိအား ပိုမိုကြီးမားပြီး ပြည်တွင်းအခက်အခဲ တိုးပွားများပြားလာတဲ့ အခြေအနေမှာ ပြီးခဲ့တဲ့နှစ်က စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်း ဖော်ဆောင်နိုင်တာဟာ သိပ်ကိုမလွယ်တဲ့ကိစ္စပါ၊ ဒါက တရုတ်စီးပွားရေးရဲ့ ခံနိုင်ရည်နဲ့ အလားအလာကို အပြည့်အဝ ပြသလိုက်ခြင်း ဖြစ်ပါတယ်” ဟု ကျင်းလီက ဆိုသည်။
၂၀၂၅ ခုနှစ် တိုးတက်မှု ရည်မှန်းချက်၏ စဉ်ဆက်မပြတ်ရှိခြင်းက စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန်လာခြင်းဟူသော ခိုင်မာသည့် အခြေခံ တစ်ဆင့်တိုး ခိုင်မြဲစေရေးအတွက် အထောက်အပံ့ဖြစ်စေ ရုံသာမက ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကို အပြည့်အဝ ပိတ်သိမ်းနိုင်ရန်နှင့် ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်းကို အဆင်ပြေချောမွေ့စွာ ချိတ်ဆက်နိုင်ရန်အတွက် တည်ငြိမ်သော ကြိုတင်မျှော်မှန်းချက်ကို ပိုမိုပံ့ပိုးပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျင်းလီအတွက် ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် လျင်မြန်စွာ တိုးတက်လာပြီး ထွန်းသစ်စ ကုန်ထုတ်လုပ်ငန်း၊ စားသုံးမှု နယ်ပယ် စသည်တို့မှာ စီးပွားရေး အရည်အသွေးမြင့် တိုးတက်ရေးအတွက် အားသစ်လောင်းပေးခြင်း ဖြစ်ကြောင်း၊ မက်ခရိုစီးပွားရေး ဟန်ချက်ညီညီ အားထုတ်ဆောင်ရွက်ခြင်းက စုပေါင်းအင်အားကြီး ဖြစ်လာကြောင်း၊ အကျိုးဖြစ်ထွန်းစေသည့် အကြောင်းတရားများစွာက ယခုနှစ် စီးပွားရေး တိုးတက်မှု ကြိုတင်ရည်မှန်းချက် ဖော်ဆောင်ရေးကို အထောက်အပံ့အင်အား ဖြစ်စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် စိန်ခေါ်မှုများကလည်း တည်ရှိနေဆဲဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ပြင်ပပတ်ဝန်းကျင် ပို၍ ရှုပ်ထွေးဆိုးရွားလာပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု တွန်းအားစွမ်းရည် မပြည့်ဝခြင်း၊ ပြည်တွင်း ထိရောက်သော ဝယ်လိုအား မလုံလောက်မှု၊ လုပ်ငန်းအချို့၏ စက်မှုကုန်ထုတ်လုပ်ရေးလည်ပတ်ရေး ခက်ခဲမှု၊ အန္တရာယ်အလားအလာများ အတော်အတန်ရှိနေဆဲ ဖြစ်ကြောင်း ကျင်းလီက ပြောကြားခဲ့သည်။

“စီးပွားရေးလည်ပတ်မှုမှာ စိန်ခေါ်မှု အခက်အခဲတွေ များစွာ ရှိနေသော်လည်း ပြုပြင်ပြောင်းလဲရေးအင်အား၊ မူဝါဒ အားပေးမှုကတစ်ဆင့် ကဏ္ဍစုံမှ ခိုင်မာသော ဇွဲနပဲနဲ့ တိုးတက်အောင် ဆောင်ရွက်ခြင်း၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားခြင်း၊ စုပေါင်းအင်အားကို စုစည်းခြင်းတို့ဖြင့် ဒီရည်မှန်းချက်ကို ကျွန်တော်တို့ မုချ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ကျင်းလီက ပြောကြားခဲ့သည်။ (Xinhua)

————————-
(Chinese Version)
中国经济圆桌会|全国政协委员金李:实现5%左右经济增长目标有支撑
新华社北京3月6日电(记者姚均芳、周颖)5日提请十四届全国人大三次会议审议的政府工作报告,将2025年经济增长预期目标定为5%左右。全国政协委员、南方科技大学副校长金李在新华社6日推出的“中国经济圆桌会”大型全媒体访谈节目上说,5%左右的经济增长预期目标紧密契合中国经济潜在增长能力,具有有利因素支撑,并与中长期发展目标相衔接。
“2024年,中国经济运行总体平稳、稳中有进,交出了一份凸显韧性与改革成效的答卷。”金李说,2024年我国国内生产总值首次突破130万亿元大关,四季度经济增速回升至5.4%,为2025年发展奠定了坚实基础。
“在外部压力加大、内部困难增多的情况下,去年能够实现5%的经济增长实属不易,充分体现了中国经济的韧性和潜力。”金李说,2025年增长目标的延续性不仅有助于进一步巩固经济回升向好的坚实基础,更为“十四五”规划圆满收官与“十五五”规划的顺利衔接提供了稳定的预期支撑。
在他看来,我国新质生产力加速成长,新兴产业、消费领域等为经济高质量发展注入新活力,宏观政策协同发力形成强大合力,诸多有利因素将助力今年经济增长预期目标的实现。
与此同时,挑战依然存在。金李表示,2025年,外部环境更趋复杂严峻,世界经济增长动能不足;国内有效需求不足,部分企业生产经营困难,风险隐患仍然较多。
“尽管经济运行仍面临不少困难挑战,但相信通过改革发力、政策给力,各方面锐意进取、攻坚克难、汇聚合力,我们一定能实现这一目标。”金李说。(完)