Videos
တရုတ်နိုင်ငံက ဧရာဝတီ မြစ် ရေကြီးရေလျှံမှု ကာကွယ်ရန် အတွက် ယွမ် သန်း ၉၀၀ ကူညီမည်
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည့်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ အဖွဲ့ကို နေပြည်တော် ရေဆင်း တက္ကသိုလ်တွင် ယနေ့ သီးခြား တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် နှစ်စဉ် ရေကြီးရေလျှံမှု ဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေဘေးဒဏ်မှ ကာကွယ်ရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ယွမ် သန်း ၉၀၀ ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ သွားရောက်စဉ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မြန်မာနိုင်သို့ အကူအညီများ ပေးမည်ဟု နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီ ခဲ့ကြောင်း သမ္မတက ဆိုသည်။ထို့အပြင်မြန်မာနိုင်ငံ ရေဘေး ကြုံတွေ့ရာတွင် တရုတ်အစိုးရက ပထမဆုံး ရေဘေး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံံ့မှုကို အထူး ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ရေဘေး ကယ်ဆယ်ရေးတွင် အတွေ့အကြုံရှိပြီး မြန်မာ ပြည်သူများ အတွက် လက်တွေ့ကျသော ကူညီမှုများ ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆိုသည်။
တရုတ်နိုင်ငံမှ ရေအရင်း အမြစ်ဆိုင်ရာ ပညာရှင်များ အဖွဲ့သည် မြန်မာနိုင်ငံတွင် အနာဂတ် ရေဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးမှု ထွန်းကားရေးကို အထောက်အကူ ပြုရန် အတွက် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို စေ့စပ်စွာ လေ့လာ စစ်ဆေးရန် ရန်ကုန်တိုင်း ဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြစ်ကြောင်း တစ်လျှောက် မြို့နယ်များသို့ သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ (Xinhua)