Connect with us

Videos

လယ်သမားများ ခိုင်မာသော ဈေးကွက် မရရှိမှု ကလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု ကို ထိခိုက်

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အခြေခံ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း၌ ထုတ်လုပ်နေကြသည့် တောင်သူ လယ်သမားများ၏ ထုတ်ကုန်များအတွက် ခိုင်မာသော ဈေးနှုန်း၊ ခိုင်မာသော ဈေးကွက် မရရှိမှုက ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေသော အဓိက အကြောင်းရင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပသော ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ယခုလို ထည့်သွင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေပြည်တော်ရှိ ရေဆင်း တက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်များ တက်ရောက် ခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကျေးရွာပေါင်း ၄,၀၀၀ ကျော်တွင် လူထု အခြေပြု စီမံကိန်း (၃) ခု ဖြင့် မွေးမြူရေး၊ သားငါး ထုတ်လုပ်မှု၊ ကျေးလက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး များကို ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ အခမ်းအနား တွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် အခြား နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ကို ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.