China
အီရန်နျူကလီးယားအရေး တရုတ်-ရုရှား-အီရန် ပေကျင်းဆွေးနွေးပွဲအား တရုတ်နိုင်ငံက ကျင်းပမည်

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)
အီရန်နျူကလီးယားအရေး တရုတ်-ရုရှား-အီရန် ပေကျင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံက မတ် ၁၄ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက မတ် ၁၂ ရက်၌ ကြေညာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကျောင်းရွှိက အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်ကာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi တို့က ပေကျင်းဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ပြီး သုံးနိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေးနှင့် အခြားသော ဘုံဂရုပြုကြသည့်ကိစ္စရပ်များအား အမြင်သဘောထားချင်းဖလှယ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————-
(Chinese Version)
中方将举行伊朗核问题中俄伊北京会晤
新华社北京3月12日电 外交部发言人12日宣布:中方将于3月14日举行伊朗核问题中俄伊北京会晤。外交部副部长马朝旭将主持会议,俄罗斯副外长里亚布科夫、伊朗副外长加里布阿巴迪来京出席,三方将就伊朗核问题及其他共同关心的问题交换意见。(完)