Connect with us

North America

အမေရိကန်ထံမှ F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ကနေဒါဝန်ကြီးချုပ် ညွှန်ကြားထားဟု ဆို

F-35i ကိုယ်ပျောက်တိုက်လေယာဉ်နှစ်စင်း ကောင်းကင်ယံတွင် ပျံသန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Israel Defense Forces)

အော့တဝါ၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ကနေဒါအနေဖြင့် အမေရိကန်ထံမှ F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက တိုက်တွန်းထားကြောင်း ပြည်တွင်းမီဒီယာများက မတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
လော့ဟိမာတင်ကုမ္ပဏီနှင့် အမေရိကန်အစိုးရတို့၏ သဘောတူညီချက်အရ တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၈၅ သန်းဝန်းကျင်ဖြင့် တိုက်လေယာဉ် ၈၈ စင်း ဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။
အဆိုပါ F-35 လေယာဉ် ဝယ်ယူရေး သဘောတူစာချုပ်မှာ ကနေဒါအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဟုတ်မဟုတ် သို့မဟုတ် ပိုမိုကောင်းမွန်သော ရွေးချယ်စရာများရှိမရှိ စသည်တို့အပေါ် လေ့လာဆန်းစစ်ရန် ဝန်ကြီးချုပ် ကာနီက ကာကွယ်ရေးဝန်ကြီး ဘေလ်ဘလဲအား ညွှန်ကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း CTV News သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
“ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကို ထောက်ရှုပြီး ကြိုတင်ပြင်ဆင်ထားဖို့လိုသလို လက်ရှိစာချုပ်ပုံစံက ကနေဒါပြည်သူတွေအတွက်ရော ကနေဒါစစ်တပ်အတွက်ပါ အကောင်းဆုံး အကျိုးပြုနိုင်အောင် အသေအချာလုပ်ဆောင်ဖို့လိုပါတယ်” ဟုလည်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမှု၊ ကနေဒါကို သိမ်းယူမည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများကြားတွင် ကာနီက ကနေဒါနိုင်ငံ၏ ၂၄ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး မတ် ၁၄ ရက်က အစိုးရအဖွဲ့သစ်အား ခန့်အပ်ခဲ့သည်။ (Xinhua)

F-35i ကိုယ်ပျောက်တိုက်လေယာဉ်နှစ်စင်း ကောင်းကင်ယံတွင် လေ့ကျင့်မှုပြုလုပ်နေစဉ် (ဓာတ်ပုံ- Israel Defense Forces)

………………………………………………………….
(English Version)
Canadian PM orders review of F-35 fighter purchase from U.S.: media
OTTAWA, March 15 (Xinhua) — Canadian Prime Minister Mark Carney has asked for a review of Canada’s plan to purchase a fleet of F-35 fighter jets from the United States, local media reported Saturday.
The deal with Lockheed Martin and the U.S. government is for 88 planes at a cost of about 85 million U.S. dollars each.
According to the CTV News report, a spokesperson for Defense Minister Bill Blair said Carney has asked Blair to look into whether the F-35 contract is the best investment for Canada, or if there are better options.
“We need to do our homework given the changing environment, and make sure that the contract in its current form is in the best interests of Canadians and the Canadian Armed Forces,” the spokesperson was quoted as saying.
Amid a trade war with the United States and threats by U.S. President Donald Trump to annex Canada, Carney was sworn in as the 24th Canadian prime minister and appointed a new cabinet on Friday. ■
English Caption 1
Two F-35i stealth fighters are flying in the sky. (Photo provided by Israel Defense Forces)
English Caption 2
Two F-35i stealth fighters are conducting a drill in the sky. (Photo provided by Israel Defense Forces)