Asia
မြောက်ကိုရီးယားက G7 နိုင်ငံများ မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးမှုကို ရှုတ်ချ၍ မိမိ၏ နျူကလီးယားအင်အား တိုးမြှင့်မည်ဟုဆို

ဆိုးလ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မကြာသေးမီက ကနေဒါနိုင်ငံ၌ ကျင်းပခဲ့သည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးခဲ့မှုကို ရှုတ်ချကြောင်း၊ မြောက်ကိုရီးယားက ယင်းအပေါ် များစွာဂရုပြုကြောင်း၊ မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးအပေါ် မည်သည့်ထိခိုက်မှုကိုမျှ လုံးဝသည်းခံမည်မဟုတ်ကြောင်း မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၁၆ ရက်တွင် ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပြောကြားမှုတွင် G7 နိုင်ငံများက နျူကလီးယားလက်နက်အား ကျူးကျော်မှုနှင့် ဗိုလ်ကျကြီးစိုးမိုးမှု ရည်ရွယ်ချက်ဖော်ဆောင်သည့် အဓိကနည်းလမ်းအဖြစ် အသုံးပြုကာ “နျူကလီးယားလက်နက် အတူမျှဝေခြင်း”၊ “တိုးချဲ့ခြိမ်းခြောက်ခြင်း” တို့ အကြောင်းပြချက်ဖြင့် နျူကလီးယားပြန့်ပွားရေးလုပ်ရပ်ကို စိတ်အားထက်သန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများဖြင့် ဖွဲ့စည်းထားသော G7 အဖွဲ့အစည်းက နိုင်ငံတကာ နျူကလီးယားအန္တရာယ် ဖြစ်ပွားမှုနှင့် အဆင့်မြင့်တက်မှု၏ အရင်းအမြစ်ဖြစ်သည်ကို ဖြစ်ရပ်မှန်အားလုံးက သက်သေထူနေကြောင်း၊ နျူကလီးယားလက်နက် စွန့်လွှတ်မှုကို G7 နိုင်ငံများက စတင်လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးပြောကြားချက်က ဆိုထားသည်။
ပြည်ပ နျူကလီးယား ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ မြောက်ကိုရီးယားအနေဖြင့် မိမိကိုယ်ပိုင် နျူကလီးယားလက်နက်အင်အားကို ပမာဏနှင့် အရည်အသွေးအရ အဆက်မပြတ် အဆင့်မြှင့်တင်ကာ အားဖြည့်သွားမည်ဖြစ်ကြောင်း၊ တာဝန်သိသည့် နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံအနေဖြင့် မြောက်ကိုရီးယားသည် နိုင်ငံ၊ ဒေသနှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ယုံကြည်စိတ်ချရစွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးချက်တွင် ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
朝鲜谴责七国集团讨论朝核问题 表示将加强自身核力量
新华社首尔3月17日电 朝中社17日报道,朝鲜外务省发言人16日发表谈话,谴责日前在加拿大召开的七国集团外长会讨论朝鲜核问题,称朝鲜对此表示严重关切,绝不容忍对其主权和内政的任何侵害。
谈话说,七国集团把核武器作为实现侵略和霸权目标的主要手段,且以“核共享”“提供延伸威慑”为由,热衷于核扩散行为。一切事实证明,由美国及其盟国组成的七国集团是国际核危机发生及升级的根源,放弃核武器应从七国集团开始。
谈话还说,针对外部核威慑,朝鲜将相应地从数量和质量上不断升级并加强自身核武力量,作为负责任的拥核国可靠地维护国家和地区乃至世界的和平与安全。(完)