Connect with us

Myanmar

၂၀၂၅ ခုနှစ် မတ် ၁၇ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့် (၁၇/၃/၂၀၂၅- မြန်မာ့အလင်း)

-ကင်းသာရေထိန်းတမံပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး (၉၃)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်မည် (၁၇/၃/၂၀၂၅- MRTV)

-ဈေးကွက်တွင် ဝယ်လိုအားမြင့်မားသော နေကြာသီးနှံကို ဆောင်းသီးနှံအဖြစ် ကလေးခရိုင်တွင် ဧက (၇)သောင်းကျော် စိုက်ပျိုးလျက်ရှိ(၁၇/၃/၂၀၂၅- MRTV)

-ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန်တွင် (၃၃)ကေဗွီ တလုတ္ထော် လျှပ်စစ်ဓာတ်အားခွဲရုံ ဖွင့်လှစ်ပေးခြင်းဖြင့် မြို့နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမည် (၁၇/၃/၂၀၂၅- MRTV)

-နေပြည်တော်ကောင်စီနယ်မြေအတွင်း ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးရှိ နဝင်းချောင်းတံတား (၁၉၀)ပေအား (၂)လမ်းသွားတံတားမှ (၄)လမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ် (၁၇/၃/၂၀၂၅- MRTV)

-ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိ (၁၆/၃/၂၀၂၅- MRTV)

-ယခုနှစ် ရှမ်းပြည်နယ် မဟာသင်္ကြန်ပွဲတော်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသအတွင်း အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပမည် (၁၇/၃/၂၀၂၅- MOI)

-စတုတ္ထအကြိမ် MBC Professional Boxing ပြိုင်ပွဲများနှင့် ကမ္ဘာ့ဘောက်ဆင်ကော်မရှင်၏ အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံဝင်ခွင့်ရရှိ (၁၇/၃/၂၀၂၅- MRTV)

-၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို(၁၇/၃/၂၀၂၅- MRTV)