Connect with us

Education & Health

မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၂၀၀,၀၀၀ ကျော်ရှိ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပထမနေ့ မြန်မာစာ စာမေးပွဲဖြေဆိုသည့် ကျောင်းသူ/ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၈,၈၈၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ၏ ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၉၄.၅၉ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စာစစ်ဌာန အသီးသီးတွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်းသား /ကျောင်းသူ ၂၂၀,၈၄၃ ဦးရှိကြောင်း သိရသည်။

ယင်းတို့အနက် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ စာစစ်ဌာန ၄၇ ခုတွင် ကျောင်းသား/ကျောင်းသူ ၁၂,၅၅၂ ဦးနှင့် နိုင်ငံခြားစာစစ်ဌာန ၁၃ ခုတွင် ကျောင်းသား/ကျောင်းသူ ၂၀ ဦးဖြေဆိုခဲ့ကြောင်း သိရသည်။

ယခုနှစ် စာမေးပွဲဖြေဆိုသည့် ကျောင်းသားဦးရေသည် ယခင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သော ကျောင်းသား/ကျောင်းသူ ၁၂၈,၈၀၁ ဦးနှင့် နှိုင်းယှဉ်ပါက တိုးလာကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ပြည်တွင်း စာစစ်ဌာန ၈၀၄ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ၁၃ ခု အပါအဝင် စာစစ်ဌာနပေါင်း ၈၁၇ ခုတွင် ကျင်းပနေပြီး မတ် ၂၂ ရက်အထိ ဆက်လက် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117