Media
လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရေပန်းစားသော အသင်းများအနက် ဥရုဂွေးလည်း ပါဝင်ဟု ဒီယေဂို ဖော်လန် ပြော
လာမည့်နှစ်တွင် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အာဂျင်တီးနားနည်းတူ ဥရုဂွေးအသင်းမှာလည်း ရေပန်းစားသော အသင်းများထဲတွင် ပါဝင်လိမ့်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာယူနိုက်တက်နှင့် အက်သလက်တီကို မက်ဒရစ် အသင်းတို့၏ တိုက်စစ်မှူးဟောင်း ဒီယေဂို ဖော်လန်က ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်တွင် အာဂျင်တီးနားက ၁၂ ပွဲ ကစားပြီးချိန်၌ ရမှတ် ၂၅ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာမှ ဥရုဂွေးအား ငါးမှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။ အဆိုပါ ပြိုင်ဘက်နှစ်သင်းမှာ မွန်တီဗီဒီယိုမြို့တွင် မတ် ၂၁ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)
……………………….
(English Version)
Uruguay among World Cup favorites, says Forlan
Former Manchester United and Atletico Madrid striker Diego Forlan believes Uruguay will be among the favorites – along with defending champion Argentina – to win next year’s FIFA World Cup in the United States, Canada and Mexico.
Argentina currently sits atop the South American qualifying zone standings with 25 points from 12 games, five points ahead of second-placed Uruguay. The rivals will meet each other in Montevideo next Friday.