China
ဟယ်လိဖုန်းနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး လုံခြုံရေးဆိုင်ရာ ဥရောပကော်မရှင်နာ Maros Sefcovic တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ကုန်သွယ်ရေးနှင့် စီးပွားရေး လုံခြုံရေးဆိုင်ရာ ဥရောပကော်မရှင်နာ Maros Sefcovic နှင့် တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ မတ် ၂၇ ရက် ညပိုင်းက တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဟယ်လိဖုန်းက ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး ထူထောင်သော နှစ် ၅၀ ပြည့် ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ဥရောပနှင့်အတူ နှစ်ဖက်ခေါင်းဆောင်များ ရရှိထားသော အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ ဆွေးနွေးဖလှယ်မှုများ အားဖြည့်၍ ကုန်သွယ်စီးပွားကဏ္ဍ ကွဲလွဲမှုများကို ကောင်းမွန်စွာ စီမံကာ အပြန်အလှန်တံခါးဖွင့်မှုကို တိုးချဲ့သွားလိုကြောင်း၊ တရုတ်-ဥရောပ ကုန်သွယ်စီးပွားဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးပြီး တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူတကွဆန့်ကျင်ကာ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။
Maros Sefcovic က တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ၏ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ရာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့် အခါသမယတွင် ဥရောပ-တရုတ် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် လုပ်ဆောင်သွားလိုကြောင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ကွဲလွဲမှုများကို ဖြေရှင်းရန် သဘောတူညီကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ကုန်သွယ်ရေးနှင့် စီးပွားရေး လုံခြုံရေးဆိုင်ရာ ဥရောပကော်မရှင်နာ Maros Sefcovic နှင့် ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ မတ် ၂၇ ရက် ညပိုင်းက တွေ့ဆုံစဉ်(ဆင်ဟွာ)
———————
(Chinese Version)
何立峰会见欧盟委员会贸易和经济安全委员谢夫乔维奇
新华社北京3月27日电 中共中央政治局委员、国务院副总理何立峰27日晚在钓鱼台国宾馆会见欧盟委员会贸易和经济安全委员谢夫乔维奇。
何立峰表示,今年是中国同欧盟建交50周年,中方愿同欧方一道,落实好双方领导人达成的重要共识,加强对话交流,妥处经贸分歧,扩大相互开放,推动中欧经贸关系健康稳定发展,并共同抵制单边主义和保护主义,维护多边贸易体制。
谢夫乔维奇表示,中国是欧盟的重要合作伙伴,愿以建交50周年为契机,深化欧中经贸合作,赞同通过对话磋商解决分歧。(完)
1. 3月27日晚,中共中央政治局委员、国务院副总理何立峰在北京钓鱼台国宾馆会见欧盟委员会贸易和经济安全委员谢夫乔维奇。 新华社记者 王晔 摄