China
ဝမ်ရိနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မတ် ၂၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် ဝမ်ရိက ယခုနှစ်သည် တရုတ်-ပြင်သစ်ဆက်ဆံရေး နှစ် ၆၀ ပြည့်ပြီးနောက် “ပထမဆုံးစတင်သည့်နှစ်” ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံနှင့်အတူ သမိုင်းတွင် ကိုယ်တိုင်တက်ကြွစွာပါဝင်သောစိတ်ဓာတ်ကို ကောင်းမွန်စွာ အသုံးပြု၍ ခေါင်းဆောင်များ သဘောတူညီချက်အား လမ်းညွှန်ချက်အဖြစ်ထားရှိကာ နှစ်ဖက်အရေးပါသည့် အစီအစဉ်များအား ကောင်းမွန်စွာ စီမံ ရေးဆွဲသွားလိုကြောင်း ပြောကြားခဲ့သည်။
ကဏ္ဍစုံ၊ အလွှာစုံ ဆွေးနွေးမှုကို အားဖြည့်ကာ သဘောထားကွဲလွဲမှုများကို ကျော်ဖြတ်၍ ပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင်လုပ်ဆောင်သွားလိုကြောင်း၊ ပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေအား ရင်ဆိုင်ရာတွင် နှစ်ဖက်အနေဖြင့် နိုင်ငံကြီးဟူသော တာဝန်သိစိတ်ဖြင့် မဟာဗျူဟာ ချိတ်ဆက်ညှိနှိုင်းမှုကို မြှင့်တင်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ပြင်သစ်နိုင်ငံအား အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် ဦးစားပေးမိတ်ဖက်အဖြစ် ရှုမြင်ကြောင်း ၎င်းကပြောကြားခဲ့သည်။
Jean-Noël Barrot က ပြင်သစ်-တရုတ် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို တက်ကြွစွာချီးကျူးခဲ့ပြီး ပြင်သစ်-တရုတ်ဆက်ဆံရေး၏ အရေးပါမှုသည် ပိုမိုသိသာထင်ရှားလာကြောင်း၊ ပြင်သစ်နိုင်ငံက အနာဂတ်အား မျက်နှာမူသော၊ ရေရှည်တည်ငြိမ်သော ပြင်သစ်-တရုတ်ဆက်ဆံရေးအား ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဖက်အနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)
———————-
(Chinese Version)
王毅同法国外长巴罗会谈
新华社北京3月27日电 中共中央政治局委员、外交部长王毅27日在北京同法国外长巴罗举行会谈。
王毅说,今年是中法关系新甲子“开局之年”。中方愿同法方一道,发挥历史主动精神,以元首共识为引领,规划好双边重要议程,加强各领域各层级对话,超越分歧、深化合作。面对变乱交织的国际形势,双方要展现大国担当,加强战略协调。中方视法国为实现高质量发展的优先伙伴。
巴罗积极评价法中务实合作成果,表示法中关系的重要性更加凸显。法方致力于发展面向未来、长期稳定的法中关系。
会谈后,双方发表关于气候变化的联合声明。(完)
图说:3月27日,中共中央政治局委员、外交部长王毅在北京同法国外长巴罗举行会谈。 新华社记者 张领 摄