Connect with us

China

လောင်ပါးချာ ဘတ်စ်ကား၏ “CICPE သီးသန့်လိုင်း” ဖြင့် ဟိုင်ခိုမြို့ဓလေ့ဖော်ပြ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ လမ်းမထက်တွင် “CICPE သီးသန့်လိုင်း” လောင်ပါးချာ ဘတ်စ်ကားကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ (CICPE) ကျင်းပတော့မည့် အခါသမယတွင် “လောင်ပါးချာ ဟိုင်ခိုဘတ်စ်ကား” က “CICPE သီးသန့်လိုင်း” ကို စတင်ပြေးဆွဲခဲ့ရာ ဟိုင်ခိုမြို့ လမ်းမထက်တွင် တစ်မူထူးခြားသော ရှုခင်းတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါဘတ်စ်ကားလိုင်းသည် မြင်ကွင်းကျယ် အမိုးနှင့် ဂီတသံစဉ်စင်မြင့် ထူးခြားချက်တို့ဖြင့် ဟိုင်နန်ဒေသတွင်း ယဉ်ကျေးမှု အကြောင်းအချက်နှင့် CICPE ၏ ဆန်းသစ်ဖန်တီးမှုဒီဇိုင်းတို့ကို ပေါင်းစပ်ထားသည့်အပြင် ဟိုင်ခိုမြို့၏ ရေပန်းစားသော သွားရောက်လည်ပတ်ရာနေရာများကို ချိတ်ဆက်ပြေးဆွဲပေးသဖြင့် ဟိုင်ခိုမြို့ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဆွဲဆောင်မှုများကို အပြည့်အဝ ပြသလျက်ရှိပေသည်။ (Xinhua)

ခရီးသွားများက “CICPE သီးသန့်လိုင်း” လောင်ပါးချာ ဘတ်စ်ကားပေါ်တွင် ထူးခြားချက်ရှိသော လောင်ပါးချာ မုန့်များ မြည်းစမ်းနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“CICPE သီးသန့်လိုင်း” လောင်ပါးချာ ဘတ်စ်ကားပေါ်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ လူသုံးကုန်ပစ္စည်းများ ကုန်စည်ပြပွဲ (CICPE) ဆက်စပ်ထုတ်ကုန်များအား ပြသထားသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
老爸茶巴士“消博会专线”展现海口风情
新华社照片,海口,2025年4月6日
第五届中国国际消费品博览会举办在即,“老爸茶·海口巴士”正式开通“消博会专线”,为海口街头增添了一道独特的风景线。该巴士以全景天窗和音乐舞台为特色,将海南本土文化元素与消博会的创意设计相融合,并串联起海口多个热门打卡点,充分展现海口旅游文化的魅力。
图说1:这是4月6日在海口街头拍摄的老爸茶巴士“消博会专线”。 新华社记者 张丽芸 摄
图说2:4月6日,游客在老爸茶巴士“消博会专线”上体验特色老爸茶点。新华社记者 张丽芸 摄
图说3、4:这是老爸茶巴士“消博会专线”上展示的消博会周边产品(4月6日摄)。新华社记者 张丽芸 摄