Connect with us

Media

စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးသူထုတ်ကုန်ပြပွဲကို ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်

ဟိုင်ခို၊ ဖေဖော်ဝါရီ ၆ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ခိုတွင် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးသူထုတ်ကုန်ပြပွဲ (CICPE) ကို ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို ဟိုင်နန် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ပင်မနေရာအဖြစ် ကျင်းပမည်ဖြစ်သလို အခြားနေရာများစွာ၌လည်း ကျင်းပမည်ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် CICPE တွင် စပိန်ရွက်သင်္ဘောကြီးများနှင့် ရွက်လှေများ၊ ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ပြသမည်ဖြစ်ကာ အခြား အစီအစဉ်များစွာ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

ယခုနှစ် ပြပွဲတွင် အိုင်ယာလန်နိုင်ငံမှ ဂုဏ်ထူးဆောင်ဧည့်နိုင်ငံအဖြစ် တက်ရောက်မည်ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် CICPE ပြပွဲတွင် နိုင်ငံနှင့် ဒေသ ၆၅ ခုမှ အမှတ်တံဆိပ် ၃,၃၈၂ ခုကျော် ပါဝင်ပြသခဲ့ကြပြီး နိုင်ငံနှင့် ဒေသ ၃၅ ခုမှ ပြည်ပဝယ်ယူသူ ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြကာ စီးပွားရေးအခွင့်အလမ်းများ တက်ကြွစွာ ရှာဖွေခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
4th China International Consumer Products Expo scheduled from April 13-18
HAIKOU, Feb. 5 (Xinhua) — The fourth China International Consumer Products Expo (CICPE) will take place in Haikou, capital city of south China’s Hainan Province, from April 13 to 18.
The expo will be held across various venues, with the Hainan International Convention and Exhibition Center serving as the main venue. The fourth CICPE will also feature themed exhibitions on galleons and yachts, health consumption, and various other activities.
Ireland will be the guest of honor at this year’s expo.
The third CICPE in 2023 hosted more than 3,382 brands from 65 countries and regions, while over 2,000 overseas purchasers from 35 countries and regions attended the event, actively seeking business opportunities.