Connect with us

Asia

ဟောင်ကောင်အနေဖြင့် လွတ်လပ်စွာ ကုန်သွယ်မှုကို မမှိတ်မသုန် ဆက်လက်ရပ်တည်ကာကွယ်မည်ဟု ဘဏ္ဍာရေးအတွင်းဝန် ပြော

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ကုန်သေတ္တာဆိပ်ကမ်းတစ်ခုအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရအနေဖြင့် လွတ်လပ်သော ဆိပ်ကမ်းမြို့ဟူသည့် ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းကာ ကုန်စည်၊ ငွေကြေးနှင့် သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းမှု သေချာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း HKSAR အစိုးရ ဘဏ္ဍာရေးအတွင်းဝန် ပေါလ်ချန်က ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
ကုန်သွယ်ဖက်နိုင်ငံ အားလုံးနီးပါးထံမှ သွင်းကုန်များအပေါ်  “အပြန်အလှန် စည်းကြပ်ခွန်များ” ဟု ဆိုသော အမေရိကန်၏လုပ်ဆောင်ချက်များက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်နေပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ကွင်းဆက်များကို အကြီးအကျယ် ကမောက်ကမဖြစ်စေကာ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူမှုအပေါ်  ကြီးမားသော ထိုးနှက်ချက်ဖြစ်စေကြောင်း ချန်က ဆိုသည်။
ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိသော အဆိုပါ စည်းကြပ်ခွန်များကို နိုင်ငံတကာ အသိုက်အဝန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များက လက်သင့်မခံကြောင်း၊ ယင်းစည်းကြပ်ခွန်များက အမေရိကန်၏ စီးပွားရေးအပြင် အမေရိကန်ကုမ္ပဏီများ၊ စားသုံးသူများကိုပါ ထိခိုက်စေမည်ဖြစ်ကြောင်း ချန်က ထောက်ပြပြောဆိုခဲ့သည်။
ထိုစည်းကြပ်ခွန်များက အမေရိကန် စတော့ရှယ်ယာများကိုအဆက်မပြတ် ရိုက်ခတ်မှုများရှိခဲ့ကာ လွန်ခဲ့သော သီတင်းပတ်၌ ယင်းစတော့ရှယ်ယာများ နှစ်ရက်ဆက်တိုက် ကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့အတူ ဥရောပနှင့် အာရှတွင်လည်း စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ပြီး ဟောင်ကောင်၏ စံအမှတ်ဖြစ်သော Hang Seng အညွှန်းကိန်းမှာလည်း ဧပြီ ၇ ရက်က ပွိုင့် ၃,၀၀၀ ကျော်အထိ ထိုးကျခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/2AD
…………………….
(English Version)
Hong Kong continues to champion free trade unwaveringly: financial secretary
HONG KONG, April 8 (Xinhua) — The Hong Kong Special Administrative Region (HKSAR) government will maintain Hong Kong’s status as a free port and ensure the free flow of goods, funds and information, said Financial Secretary of the HKSAR government Paul Chan on Monday.
Chan said the United States’ so-called “reciprocal tariffs” on imports from almost all its trading partners violated World Trade Organization rules, upended global supply chains and dealt a heavy blow to global economic recovery.
The sweeping tariffs are rejected by the international community and investment markets, and will harm the U.S. economy, its companies as well as its consumers, Chan noted.
The tariffs have battered U.S. stocks, which sank for two days in a row last week. European and Asian shares have also declined. Hong Kong’s benchmark Hang Seng Index tumbled over 3,000 points on Monday. xhtxs.cn/2AD
English Caption
This photo taken on Sept. 17, 2024 shows a container terminal in Hong Kong, south China. (Xinhua/Chen Duo)