China
ပန်ဒါဝက်ဝံကြီး “ဟော်ဖုန်း” နှင့် “လန်ယွင့်” ဩစတြီးယားသို့ စတင်ထွက်ခွာ

ချိန်တူး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ပန်ဒါဝက်ဝံကြီး “ဟော်ဖုန်း” နှင့် “လန်ယွင့်” တို့သည် ဧပြီ ၂၃ ရက်တွင် လေယာဉ်ဖြင့် ဩစတြီးယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ၎င်းတို့သည် ဩစတြီးယားနိုင်ငံ Schönbrunn တိရစ္ဆာန်ဥယျာဉ်တွင် ၁၀ နှစ်ကြာ ခရီးသွားနေထိုင်မှုဘဝကို စတင်သွားမည်ဖြစ်သည်။
သွက်သွက်လက်လက် ပျော်မြူးတတ်သော ပန်ဒါဝက်ဝံကြီး “ဟော်ဖုန်း” မှာ အထီးလေးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၇ ရက်တွင်မွေးဖွားခဲ့သည်။ နူးညံ့သိမ်မွေ့သော ပန်ဒါဝက်ဝံကြီး “လန်ယွင့်” မှာမူ အမလေးဖြစ်ကာ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်တွင် မွေးဖွားခဲ့သည်။
၂၀၀၃ ခုနှစ်တွင် တရုတ်-ဩစတြီးယား နှစ်နိုင်ငံသည် ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနပြုလုပ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တရားဝင်စတင်လုပ်ဆောင်ခဲ့ပြီး ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးများ ထူထောင်ခဲ့ကြောင်း၊ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးနှင့် မျိုးပွားရေး၊ ရောဂါကုသရေး၊ နည်းပညာဖလှယ်ရေး၊ ဝန်ထမ်းများလေ့ကျင့်ရေးနှင့် အများပြည်သူ အသိပညာပေးလုပ်ငန်း စသည့်ကဏ္ဍများတွင် ရလဒ်များစွာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

ပန်ဒါဝက်ဝံကြီး “လန်ယွင့်” ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနစင်တာ တူးကျန်းယန့်စခန်းတွင် ဝန်ထမ်းများက ပန်ဒါဝက်ဝံကြီး “လန်ယွင့်” အား မုန်လာဥနီကျွေးနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပန်ဒါဝက်ဝံကြီး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သုတေသနစင်တာ တူးကျန်းယန့်စခန်းတွင် ပန်ဒါဝက်ဝံကြီး “ဟော်ဖုန်း” ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
大熊猫“荷风”“兰韵”启程赴奥地利
新华社照片,成都,2025年4月23日
4月23日,大熊猫“荷风”“兰韵”搭乘飞机前往奥地利,将在奥地利美泉宫动物园开启为期十年的旅居生活。
活泼好动的大熊猫“荷风”,雄性,出生于2020年8月27日;乖巧温柔的大熊猫“兰韵”,雌性,出生于2020年7月29日。
据悉,2003年,中奥两国正式开始大熊猫保护研究合作,建立了良好的合作关系,在大熊猫保护繁育、疾病救治、技术交流、人员培训和公众教育等方面取得了诸多成果。
图说1:4月9日拍摄的大熊猫“荷风”。新华社发(李传有摄)
图说2:4月10日拍摄的大熊猫“兰韵”。新华社发(李传有摄)
图说3:4月22日,在中国大熊猫保护研究中心都江堰基地,工作人员给大熊猫“兰韵”投喂胡萝卜。新华社记者 胥冰洁 摄
图说4:4月22日,在中国大熊猫保护研究中心都江堰基地拍摄的大熊猫“荷风”。新华社记者 胥冰洁 摄