Connect with us

China

တရုတ်နိုင်ငံက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြား

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဗာတီကန်မြို့ပြနိုင်ငံတို့သည် လွန်ခဲ့သောနှစ်များအတွင်း အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများကို ထိန်းသိမ်းထားကာ အကျိုးရှိသော ကူးလူးဖလှယ်မှုများကို လုပ်ဆောင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“တရုတ်-ဗာတီကန် ဆက်ဆံရေး အစဉ် တိုးတက်ကောင်းမွန်ရေးအတွက် ဗာတီကန်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံက အသင့်ရှိပါတယ်” ဟု ကောက ဆိုသည်။
“ဗာတီကန်နှင့် ထိုင်ဝမ် ဆက်ဆံရေး” ဟုဆိုသော ကိစ္စရပ်နှင့်စပ်လျဉ်း၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ကောက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထာဝရ နယ်မြေပိုင်နက် အစိတ်အပိုင်းတစ်ခုဖြစ်သလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည်လည်း တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ရိုမန်ကက်သလစ် အသင်းတော်၏ ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ ဧပြီ ၂၁ ရက်က သက်တော် ၈၈ အရွယ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/219
…………………
(English Version)
China expresses condolences over passing of Pope Francis
BEIJING, April 22 (Xinhua) — China expressed condolences over the passing of Pope Francis, according to a Chinese foreign ministry spokesperson on Tuesday.
In recent years, China and the Vatican have maintained constructive engagement and conducted useful exchanges, spokesperson Guo Jiakun told a daily news briefing.
“China stands ready to work with the Vatican for continued improvement of China-Vatican ties,” said Guo.
When answering a query regarding Vatican’s so-called “ties with Taiwan,” Guo noted that Taiwan is an inalienable part of China’s territory, and the government of the People’s Republic of China is the sole legal government representing the whole of China.
Pope Francis, the 266th pontiff of the Roman Catholic Church, died Monday at the age of 88. xhtxs.cn/219

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.