China
ဝမ်ရိနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy နှင့် ဧပြီ ၂၂ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်တွင် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေး ဆွေးနွေးပွဲ၊ မဟာဗျူဟာ ဆွေးနွေးပွဲ၊ စွမ်းအင်ဆွေးနွေးပွဲများကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် ဉာဏ်ရည်တု၊ သိပ္ပံနည်းပညာ၊ ဥတုရာသီပြောင်းလဲမှု၊ ပညာရေး၊ ကုန်သွယ်စီးပွား စသည့်ကဏ္ဍများ၏ ဆွေးနွေးမှုများပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်-ဗြိတိန် ဆက်ဆံရေး ပြေလျော့ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲသည့် အရှိန်ရရှိရန် ခဲယဉ်းရာ ဆတက်ထမ်းပိုး တန်ဖိုးထားရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုများအတိုင်း အနှောင့်အယှက်နှင့် ရှုပ်ထွေးသံ အမျိုးမျိုးကို ဖယ်ရှားကာ နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်စွာ ရှေ့သို့ တိုးတက်ရေး အခိုင်အမာ ဆောင်ရွက်သွားရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို အာရုံစိုက်ကာ ပို၍များပြားသည့် အပြုသဘောဆောင်သော အစီအစဉ်များကို စုစည်းရန် ဆန္ဒရှိပါကြောင်း၊ လက်ရှိ တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုများ လွှမ်းမိုးနေသည့် နောက်ခံအခြေအနေတွင် တရုတ်-ဗြိတိန်သည် ဒုတိယကမ္ဘာစစ်အပြီး ဖြစ်တည်လာသည့် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိသလို ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိပြီး နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သည် စည်းကြပ်ခွန်ကို လက်နက်အဖြစ် နိုင်ငံအသီးသီးအား ခွဲခြားမှုမရှိ တိုက်ခိုက်လျက်ရှိရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး နိုင်ငံတကာ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဤကဲ့သို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုသည် ကြီးနိုင်ငယ်ညှဉ်းသည့် သဘာဝစည်းမျဉ်း (Law of Jungle) သို့ နောက်ပြန်သွားခြင်းသည် သမိုင်းနောက်ပြန်လှည့်ခြင်းဖြစ်ရာ လူအများ၏ နှစ်ခြိုက်မှုကို ရရှိမည်မဟုတ်သလို ရှေ့ဆက်နိုင်မည်မဟုတ်ဘဲ ပို၍များပြားသောနိုင်ငံများ၏ ဟန့်တားမှုနှင့် ဆန့်ကျင်မှုကို ခံရလျက်ရှိကြောင်း ၊ တာဝန်ယူမှုရှိသော နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထွက်လာပြီး တားဆီးခြင်းသည် မိမိ၏ တရားဝင် အခွင့်အရေးနှင့် ကိုယ်ကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက်သာမက နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းရန် ပို၍ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဆင့်မြင့် ပြင်ပသို့ တံခါးဖွင့်လှစ်မှုကို ဆက်လက် အခိုင်အမာ ဆောင်ရွက်သွားမည် ဖြစ်သလို နိုင်ငံအသီးသီးနှင့်အတူ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားကို အခိုင်အမာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ကမ္ဘာကြီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများ အခိုင်အမာ မျှဝေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
David Lammy က ဗြိတိန်နိုင်ငံအနေဖြင့် လက်ရှိ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်သည့် အရှိန်အဟုန်အပေါ် တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့်အလွှာနှင့် အလွှာအသီးသီး ကူးလူးဖလှယ်မှုများကို တစ်ဆင့်တိုးအားဖြည့်သွားလိုကြောင်း၊ ဘုံဂရုပြုကြသည့် နှစ်ဖက် သို့မဟုတ် ဘက်စုံဆွေးနွေးမှုကဏ္ဍများတွင် ပုံမှန်ဆွေးနွေးမှုများ ပြုလုပ်ကာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းသွားလိုကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်သည် အစဉ်အမြဲအားဖြင့် တံခါးဖွင့်ထားသည့် နိုင်ငံဖြစ်ရာ လွတ်လပ်သော ကုန်သွယ်ရေးကို အခိုင်အမာ ထောက်ခံအားပေးသလို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)အား ဗဟိုပြုသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ဗြိတိန်-တရုတ် နှစ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာကုန်သွယ်ရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အဓိကတာဝန်ရှိရာ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ ထားရှိသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ယူကရိန်းအကျပ်အတည်း စသည့် ဘုံဂရုပြုကြသည့်ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)
————————
(Chinese Version)
王毅同英国外交大臣拉米通电话
新华社北京4月22日电 4月22日,中共中央政治局委员、外交部长王毅应约同英国外交大臣拉米通电话。
王毅表示,今年以来,中英经济财金对话、战略对话、能源对话成功举行。下一步,人工智能、科技、气变、教育、经贸等领域的对话也在筹备之中。中英关系改善缓和的势头来之不易,需要倍加珍惜。中方愿同英方一道,按照两国领导人战略指引,排除各种干扰和杂音,把握好双边关系稳步前行的方向,聚焦互利合作,累积更多积极议程。在当前单边霸凌横行的背景下,中英有责任维护二战后形成的国际秩序,有责任维护以联合国为核心的国际体系,有责任维护多边贸易体制。
王毅说,美国以关税为武器对各国进行无差别攻击,公然违反世贸组织规则,损害各国正当权益。这种将国与国交往倒退回丛林法则的作法是开历史倒车,不得人心,不可持续,正在遭到越来越多国家的抵制和反对。作为负责任国家,中国站出来予以阻止,不仅是为了维护自身正当权益,更是为了维护国际规则,维护多边贸易体制。中方将继续坚持高水平对外开放,坚持同各国开展互利共赢合作,坚持与世界共享发展机遇。
拉米表示,英方对当前双边关系良好发展势头表示赞赏,愿进一步加强两国高层及各级别交往,就共同关心的双多边议题开展定期对话,共同应对面临的挑战。英国始终是开放型国家,坚定支持自由贸易,维护以世贸组织为核心的多边贸易体制。作为联合国安理会常任理事国,英中两国对世界经济和国际贸易的可持续发展负有重要责任,愿就此同中方保持沟通。
双方还就乌克兰危机等共同关心的议题交换了意见。