China
လီချန်နှင့် ကင်ညာနိုင်ငံ သမ္မတ William Ruto တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဧပြီ ၂၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော ကင်ညာနိုင်ငံ သမ္မတ William Ruto နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လီချန်က လတ်တလောနှစ်ပိုင်းအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောင်လမ်းညွှန်မှုဖြင့် တရုတ်-ကင်ညာ ဆက်ဆံရေးအဆင့်သည် စဉ်ဆက်မပြတ် တိုးမြင့်လာပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုရလဒ်များ များစွာရရှိခဲ့ကာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို အားကောင်းစွာ တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က အဆွေတော် သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် တရုတ်-ကင်ညာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် တစ်ဆင့်တိုးအစီအစဉ် ရေးဆွဲခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကင်ညာနိုင်ငံနှင့်အတူကြိုးပမ်း၍ တရုတ်-ကင်ညာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အနှစ်သာရကို အဆက်မပြတ် ဖြည့်ဆည်းကာ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံတိုးချဲ့ပြီး ကိုယ်စီက ခေတ်မီ အသွင်ပြောင်းမှု ဖော်ဆောင်ရေး လမ်းကြောင်းပေါ်တွင် အတူလက်တွဲ ရှေ့သို့လျှောက်လှမ်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ကင်ညာ နှစ်နိုင်ငံသည် စီးပွားရေးအရ အပြန်အလှန်ဖြည့်စွက်ပေးမှု မြင့်မားကာ ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကျယ်ပြောကြောင်း လီချန်က ထောက်ပြပြောဆိုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကင်ညာနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အား ဆက်လက် အရည်အသွေးမြင့် အတူတကွတည်ဆောက်ပြီး အခြေခံအဆောက်အအုံ စသည့် အရေးပါစီမံကိန်းများကို လက်တွေ့ကျကျ ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စွမ်းအင်၊ စိုက်ပျိုးရေးနှင့် သိပ္ပံနည်းပညာ၊ အပြာရောင်စီးပွားရေး စသည့် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများအား ထဲထဲဝင်ဝင် လုပ်ဆောင်ပြီး စွမ်းအားသစ်များ ကြီးမားဖွံ့ဖြိုးတိုးတက်အောင် အတူတကွ ပျိုးထောင်ကာ ပိုမိုများပြားသော လက်တွေ့ကျကျရလဒ်များ ရရှိအောင် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကင်ညာနိုင်ငံမှ ပိုမိုများပြားသော အရည်အသွေးမြင့်ထုတ်ကုန်များ တင်သွင်းကာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်ကောင်းမွန်၍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နှစ်ဖက်က လူပုဂ္ဂိုလ်သွားလာဆက်ဆံရေးကို တစ်ဆင့်တိုး အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပြီး ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ မီဒီယာ စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ယဉ်ကျေးမှုများ အပြန်အလှန် သင်ယူဖလှယ်ရေးအား တွန်းအားပေးကာ နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုများကို မြှင့်တင်ရမည်ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာအခြေအနေသည် ပြောင်းလဲရှုပ်ထွေးလျက်ရှိရာ တရုတ်နှင့် အာဖရိကတို့သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးကြီးအင်အားအနေဖြင့် ပိုမို ရင်းနှီးပြီး စည်းလုံးညီညွတ်စွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်၍ အခက်အခဲနှင့် စိန်ခေါ်မှုများကို အတူရင်ဆိုင်ကာ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကို အတူလက်တွဲမြှင့်တင်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ကင်ညာနိုင်ငံ စသည့် အာဖရိကနိုင်ငံအသီးသီးနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ပေကျင်း ထိပ်သီးအစည်းအဝေးရလဒ်များ အထူးသဖြင့် “မိတ်ဖက်လှုပ်ရှားမှုကြီး ၁၀ ရပ်” ကို ဘက်စုံအရှိန်မြှင့် အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ကျင့်သုံးကာ ခေတ်သစ် အချိန်အခါမရွေး တရုတ်-အာဖရိက အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကာ လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို လမ်းညွှန်ဦးဆောင်ပြီး တွန်းအားပေးသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
William Ruto က လက်ရှိတွင် ကင်ညာ-တရုတ်ဆက်ဆံရေးသည် ရင်းနှီး၍ အားကောင်းသော တိုးတက်မှုအလားအလာကို ဖော်ပြလျက်ရှိပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းကာ ဘုံအကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးနက်ရှိုင်းအောင် ဆောင်ရွက်ရာတွင် အရေးပါသည့်အခွင့်အလမ်းနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သည်။
ကင်ညာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာလိုက်နာပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်မြေ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်နိုင်ငံ တစ်နိုင်ငံလုံးအား ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်ဟု ယူဆကြောင်း၊ တရုတ်နိုင်ငံက ကင်ညာနိုင်ငံ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ကျိုးမဖက် ကူညီပေးမှုများကို ကင်ညာဘက်က ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်မှုအား လမ်းညွှန်ချက်အဖြစ် ထားရှိကာ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများအား ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှု အလားအလာများအား ထဲထဲဝင်ဝင် ဖော်ထုတ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ၊ လူမှုရေးနှင့် ပြည်သူ့လူနေမှုဘဝ စသည့် ကဏ္ဍများတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သည့်အပြင် ခရီးသွားလာရေး၊ မီဒီယာ စသည့် လူမှုရေးဖလှယ်မှုများကို တိုးမြှင့်သွားရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
ကင်ညာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက နိုင်ငံတကာအရေးကိစ္စများ၌ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်မှုကို များစွာချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် ညှိနှိုင်းလုပ်ဆောင်မှုကို တိုးမြှင့်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စွာ တွန်းအားပေး၍ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအတွက် သာယာလှပသော အနာဂတ်အား ဖွင့်လှစ်ပေးသွားရန် ဆန္ဒရှိကြောင်း William Ruto က ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဝူကျိန့်လုံ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သော ကင်ညာနိုင်ငံ သမ္မတ William Ruto တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက် ညနေပိုင်းက တွေ့ဆုံစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
李强会见肯尼亚总统鲁托
新华社北京4月23日电 国务院总理李强4月23日下午在北京人民大会堂会见来华进行国事访问的肯尼亚总统鲁托。
李强表示,近年来,在两国元首战略引领下,中肯关系水平持续提升,各领域合作成果丰硕,有力增进了两国人民福祉。习近平主席将同总统先生举行会谈,就深化中肯关系与合作作出进一步规划。中方愿同肯方一道努力,不断充实中肯全面战略合作伙伴关系内涵,全方位拓展两国互利合作,在各自实现现代化的道路上携手前行。
李强指出,中肯经济互补性强,合作空间广阔。中方愿同肯方继续高质量共建“一带一路”,扎实推进基础设施等重大项目,深化金融、数字经济、绿色能源、农业科技、蓝色经济等领域合作,共同培育壮大发展新动能,推动取得更多实际成果。中方愿进口肯方更多优质产品,促进两国贸易优化平衡发展。双方要进一步便利人员往来,加强文化、旅游、媒体等领域合作,推动世界文明交流互鉴,增进理解、友谊与信任。当前国际形势变乱交织,中国和非洲作为全球南方重要力量,应更加紧密团结协作,共同应对困难挑战,携手促进发展繁荣。中国愿同肯尼亚等非洲各国一道努力,全面加速落实中非合作论坛北京峰会成果特别是“十大伙伴行动”,践行真正的多边主义,以新时代全天候中非命运共同体建设带动全球南方合作深化发展,引领和推动构建人类命运共同体。
鲁托表示,当前肯中关系呈现紧密、强劲发展势头,进一步深化互利共赢合作面临重要机遇。肯方坚定恪守一个中国原则,认为台湾是中国领土不可分割的一部分,中华人民共和国政府是代表全中国的唯一合法政府。肯方感谢中方对肯尼亚经济社会发展的无私帮助,期待同中方以共建“一带一路”为引领,对接发展战略,深挖合作潜力,促进贸易、投资、交通基础设施、社会民生等领域务实合作,加强旅游、媒体等人文交流。肯方高度赞赏中国在国际事务中的重要作用,愿同中方加强在联合国等多边平台沟通协调,更好推进全球南方团结合作,为中非合作开辟美好未来。
吴政隆参加会见。(完)
图说:4月23日下午,国务院总理李强在北京人民大会堂会见来华进行国事访问的肯尼亚总统鲁托。 新华社记者 刘彬 摄