China
တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက် ဂြိုဟ်တုအား အောင်မြင်စွာ လွှတ်တင်

ဟိုင်နန်ပြည်နယ် ဝန်ချန်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ဧပြီ ၂၉ ရက် ၄ နာရီ ၁၀ မိနစ်တွင် ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးနေရာ၌ Long March-5B သယ်ဆောင်ရေးဒုံးပျံ/ Yuanzheng-2 (Expedition-2) အဆင့်မြင့်ဒုံးပျံကို အသုံးပြု၍ ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက် ဂြိုဟ်တုအုပ်စု ၀၃ အား အောင်မြင်စွာလွှတ်တင်ခဲ့ရာ ဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ချောမွေ့စွာရောက်ရှိသွားပြီး ဂြိုဟ်တုလွှတ်တင်ရေးလုပ်ငန်း အပြည့်အဝ အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ယခုအကြိမ်လွှတ်တင်ရေးလုပ်ငန်းသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၅၇၃ ကြိမ်မြောက် ပျံသန်းမှုဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံက ဧပြီ ၂၉ ရက်တွင် ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးနေရာ၌ Long March-5B သယ်ဆောင်ရေးဒုံးပျံ/ Yuanzheng-2 (Expedition-2) အဆင့်မြင့်ဒုံးပျံကို အသုံးပြု၍ ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် အင်တာနက် ဂြိုဟ်တုအုပ်စု ၀၃ အား လွှတ်တင်စဉ် (ဆင်ဟွာ)
————————
(Chinese Version)
我国成功发射卫星互联网低轨卫星
新华社海南文昌4月29日电(郭明芝、崔婉莹)4月29日4时10分,我国在文昌航天发射场使用长征五号乙运载火箭/远征二号上面级,成功将卫星互联网低轨03组卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
这次任务是长征系列运载火箭的第573次飞行。(完)