Connect with us

Europe

မေ ၈ ရက်မှ ၁၀ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း ပူတင် ကြေညာ

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်အား ၂၀၂၅ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ပူတင်က မဟာမျိုးချစ်စစ်အောင်ပွဲနေ့ (V-day) နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကာလဖြစ်သည့် မေ ၈ ရက် ၀ နာရီမှ မေ ၁၁ ရက် ၀ နာရီအထိ အပစ်အခတ်ရပ်စဲမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုကာလအတွင်း စစ်ရေးလှုပ်ရှားမှုအားလုံးကို ရပ်တန့်ထားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဝက်ဘ်ဆိုက်က ဧပြီ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းဘက်က ထိုအစီအမံကို တုံ့ပြန်သင့်သည်ဟု ယူဆကြောင်း၊ ယူကရိန်းဘက်က အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ပါက ရုရှားလက်နက်ကိုင်တပ်ဖွဲ့က ထိရောက်သော တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယူကရိန်းအကျပ်အတည်း၏ အရင်းအမြစ်အား ဖယ်ရှားရန်၊ နိုင်ငံတကာမိတ်ဖက်များနှင့် အပြုသဘောဆောင်သော အပြန်အလှန်လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန် ရုရှားဘက်က ခြွင်းချက်မရှိ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ကြေညာချက်တွင် အလေးထား ဖော်ပြထားသည်။

ဒေသစံတော်ချိန် ၁၉၄၅ ခုနှစ် မေ ၈ ရက် ညသန်းခေါင်ယံအချိန်တွင် ဖက်ဆစ်ဂျာမနီနိုင်ငံက ဘာလင်မြို့အစွန်ရှိ Karlshorst ဒေသတွင် အကြွင်းမဲ့အရှုံးပေးလွှာကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုအချိန်က ဘာလင်မြို့ အရှေ့ဘက်ရှိ ဆိုဗီယက်ပြည်ထောင်စု၌ မေ ၉ ရက် နံနက်ခင်းဖြစ်နေပြီဖြစ်သဖြင့် ဆိုဗီယက်ပြည်ထောင်စုက မေ ၉ ရက်အား “မဟာမျိုးချစ်စစ်အောင်ပွဲနေ့ (V-day)” အဖြစ် သတ်မှတ်ခဲ့သည်။ ယခုတွင် “မဟာမျိုးချစ်စစ် အောင်ပွဲနေ့ (V-day)” သည် ရုရှားနိုင်ငံ၏ အခမ်းနားဆုံးပွဲတော်များအနက် တစ်ခုဖြစ်သည်။ (Xinhua)

—————–
(Chinese Version)
普京宣布5月8日至10日实施停火
新华社莫斯科4月28日电(记者黄河)俄罗斯总统网站28日发布声明说,俄总统普京决定,在纪念卫国战争胜利80周年期间,即5月8日零时至5月11日零时实施停火。在此期间,一切军事行动将停止。
声明说,俄方认为乌克兰方面应响应这一举措。如果乌方违反停火,俄武装部队将作出有效回应。
声明说,俄方重申,愿意进行无条件的和平谈判,以消除乌克兰危机的根源,并与国际伙伴进行建设性互动。
当地时间1945年5月8日午夜,法西斯德国在柏林郊区的卡尔斯霍斯特正式签署无条件投降书。此时,地处柏林以东的苏联已是5月9日凌晨。苏联将5月9日定为“卫国战争胜利日”。现在,“卫国战争胜利日”是俄罗斯最隆重的节日之一。(完)
图说:这是3月18日在俄罗斯首都莫斯科拍摄的克里姆林宫。新华社记者 白雪骐 摄