Connect with us

China

ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့၌ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ချိန် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေရိုး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ဒေသစံတော်ချိန် ဧပြီ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက ယခုကာလများတွင် နိုင်ငံတကာအခြေအနေသည် ပြောင်းလဲမှုအသစ်များစွာ ထပ်မံထွက်ပေါ်လာကြောင်း၊ ပြောင်းလဲမှုမှာ ယခုခေတ်၏ ပုံမှန်အနေအထားဖြစ်သော်လည်း မပြောင်းလဲသည်မှာ တရုတ်-ရုရှား အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် ထောက်ခံအားပေးမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့၏ မဟာဗျူဟာ ဦးဆောင်မှုသည် အစဉ်အမြဲအားဖြင့် တရုတ်-ရုရှား ဆက်ဆံရေး အဆင့်မြင့်လည်ပတ်မှုကို ထိန်းသိမ်းထားသည့် အခြေခံအာမခံချက် ဖြစ်ကြောင်း၊ နှစ်ဖက်အတူတကွကြိုးပမ်းကာ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသဘောတူညီချက်များကို ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ရလဒ်အဖြစ် စဉ်ဆက်မပြတ် ပြောင်းလဲသွားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ တစ်ဖက်သတ်ဝါဒနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒ၏အားပြိုင်မှုက ပြင်းထန်လျက်ရှိသလို ဗိုလ်ကျစိုးမိုးမှု ထိန်းသိမ်းရေးနှင့် ဗိုလ်ကျစိုးမိုးမှုဆန့်ကျင်ရေး၏ ယှဉ်ပြိုင်မှုသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ BRICS နိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပို၍ အရေးကြီးလာသော ဗဟာဗျူဟာတန်ဖိုးကို ပေါ်လွင်စေလျက်ရှိကြောင်း၊ BRICS တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်-ရုရှားသည် BRICS မူဘောင်အတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရမည် ဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စ စီပွားရေးအစုအဖွဲ့များ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင်လုပ်ဆောင်ပြီး “BRICS အဖွဲ့ကြီး”၏ ဩဇာအရှိန်အဝါနှင့် ဦးဆောင်နိုင်စွမ်းကို စဉ်ဆက်မပြတ် အားဖြည့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Sergey Lavrov က လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာကြီးကို ရင်ဆိုင်ရာတွင် ရုရှား-တရုတ်သည် အနီးကပ် အပြန်အလှန်သွားလာမှုကို ထိန်းသိမ်းထားရန်မှာ အလွန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆိုဗီယက် မဟာမျိုးချစ် စစ်အောင်ပွဲနေ့ (V-day) နှစ် ၈၀ ပြည့် အထိမ်းအမှတ်နှင့် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အစီအစဉ်များ ကျင်းပမှုကို အပြန်အလှန်ထောက်ခံအားပေးကာ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း နောက်ဆုံးအခြေအနေများအား Sergey Lavrov က မိတ်ဆက်ပြောကြားခဲ့ရာ ရုရှားအနေဖြင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဆန္ဒရှိကြောင်း ထပ်မံပြောကြားခဲ့သည်။ ဝမ်ရိက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ၏ အခြေခံမူ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်အနေဖြင့် ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ G20 စသည့် နိုင်ငံစုံ မူဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာဆွေးနွေးညှိနှိုင်းမှုများ အားဖြည့်ရန်နှင့် အီရန်နျူကလီးယားအရေး၊ ကိုရီးယားကျွန်းဆွယ်အရေး စသည့်ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
王毅会见俄罗斯外长拉夫罗夫
新华社里约热内卢4月28日电(记者赵焱 周永穗)当地时间4月28日,中共中央政治局委员、外交部长王毅在里约热内卢会见俄罗斯外长拉夫罗夫。
王毅说,最近国际形势又出现不少新变化,变化是这个时代的常态,但不变的是中俄的相互信任和相互支持。习近平主席和普京总统的战略引领始终是中俄关系保持高水平运行的根本保障。双方要共同努力,将两国元首重要共识不断转化为各领域合作成果。
王毅表示,当前,单边与多边的博弈激烈进行,维霸和反霸的较量在全球展开。金砖国家的团结与合作正在显示出越来越重要的战略价值。作为金砖国家创始成员国,中俄要加强在金砖框架内的协调配合,深化广大发展中国家和新兴经济体团结合作,不断壮大“大金砖”的影响力感召力。
拉夫罗夫表示,面对快速变化的世界,俄中保持密切互动十分必要。俄方愿同中方相互支持彼此举办苏联伟大卫国战争胜利80周年和中国人民抗日战争胜利80周年纪念活动,深化各领域务实合作。
拉夫罗夫介绍了乌克兰危机最新情况,重申俄方愿不设前提同乌方开展和平谈判。王毅阐述了中方劝和促谈的原则立场。
双方就加强联合国、上海合作组织、二十国集团等多边框架下合作进行了战略沟通,并就伊朗核、朝鲜半岛核问题等交换了看法。(完)
1. 2月20日,中共中央政治局委员、外交部长王毅在南非约翰内斯堡出席二十国集团外长会期间会见俄罗斯外长拉夫罗夫。 新华社记者 张誉东 摄
2. 当地时间4月28日,中共中央政治局委员、外交部长王毅在巴西里约热内卢会见俄罗斯外长拉夫罗夫。 新华社记者 周永穗 摄