China
အမေရိကန်ဘက်က တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု ရှိသော သဘောထားကို ပြသသင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ပြောကြား

ဝါရှင်တန်၊ မေ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် စည်းကြပ်ခွန်စစ်ပွဲကို မတိုက်ချင်သော်လည်း တိုက်ရန် မကြောက်ရွံ့ကြောင်း ၊ အကယ်၍ အမေရိကန်ဘက်က ဆွေးနွေးမည်ဟု စီစဉ်ထားပါက တန်းတူညီမျှရှိမှု၊ လေးစားမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ရှိသော သဘောထားကို ပြသသင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မေ ၃ ရက်တွင် ကျင်းပသည့် အများပြည်သူ လာရောက်လည်ပတ်ရန် သံရုံးဖွင့်လှစ်သည့်နေ့နှင့် ကန်းစုပြည်နယ် မိတ်ဆက်ပွဲအခမ်းအနားတွင် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှဲ့ဖုန်းက ပြောကြားခဲ့သည်။
အမေရိကန်သည် နိုင်ငံတကာကုန်သွယ်ရေးမှ အကျိုးအမြတ်များစွာ ခံစားရကြောင်း၊ ကမ္ဘာတစ်ဝန်းမှ ဈေးနှုန်းချိုသာသော ကုန်ပစ္စည်းကောင်းများကို စံစားခွင့်ရသလို ဘဏ္ဍာရေး၊ သိပ္ပံနည်းပညာ၊ ဝန်ဆောင်မှု စသည့် ထပ်တိုးတန်ဖိုးမြှင့်ကဏ္ဍများတွင်လည်း သိသာထင်ရှားသော အားသာချက်ကို ရယူထားကြောင်း ရှဲ့ဖုန်းက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံရှိ အမေရိကန်လုပ်ငန်းကုမ္ပဏီများ၏ ရောင်းအားပမာဏသည် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ အမေရိကန်နိုင်ငံတွင် ရောင်းအားပမာဏထက် ကန်ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ပိုများကြောင်း၊ တရုတ်-အမေရိကန်၏ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် ယေဘုယျအားဖြင့် ဟန်ချက်ညီမှုနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းမှုရှိကြောင်း၊ စည်းကြပ်ခွန်ကို အလွဲသုံးခြင်းသည် နှစ်ဖက်စလုံးကို ထိခိုက်စေသလို ကုမ္ပဏီလုပ်ငန်းများ ပုံမှန် ထုတ်လုပ်လည်ပတ်မှုနှင့် ပြည်သူလူထု စားဝတ်နေရေးသုံးစွဲမှုကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးဈေးကွက်ကို ပြင်းပြင်းထန်ထန်ဂယက်ထစေပြီး ကမ္ဘာ့စီးပွားရေး ရေရှည်တည်ငြိမ်စွာ တိုးတက်ရေးကို ပျက်စီးစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့် တံခါးဖွင့်လှစ်ရေး၏ တည်ငြိမ်မှုကို ဆက်လက်ဆောင်ရွက်ကာ ပြင်ပ မတည်ငြိမ်မှုများအား ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ရှဲ့ဖုန်းက အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် ဒုတိယအကြီးဆုံး စားသုံးသူဈေးကွက်ဖြစ်သလို ပမာဏအကြီးမားဆုံးသော ဝင်ငွေအလယ်အလတ်အဆင့်ရှိ လူအုပ်စုရှိရာ နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော် ၏ အဓိက ကုန်သွယ်ရေးမိတ်ဖက် ဖြစ်နေကြောင်း၊ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ထွန်းထွန်းတောက်တောက် ဖြစ်ခဲ့ရာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)သည် ယမန်နှစ် ကာလတူထက် ၅.၄ ရာခိုင်နှုန်း တိုးမြင့်လာသလို တင်ပို့မှုကဏ္ဍတွင် ဖိအားများကို ရေဆန်တက်၍ ၆.၉ ရာခိုင်နှုန်း တိုးတက်လာပြီး နိုင်ငံတကာဈေးကွက် မိတ်ဆွေအသိုက်အဝန်း ပို၍ ကြီးမားလာကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
中国驻美大使:美方应拿出平等、尊重、互惠的态度
新华社华盛顿5月4日电(记者颜亮)在中国驻美国大使馆3日举办的使馆开放日暨甘肃省推介活动上,中国驻美大使谢锋表示,中国不愿打关税战,但不怕打。如果美方准备要谈,就应当拿出平等、尊重、互惠的态度。
谢锋说,美国从国际贸易中受益颇丰,既享受了来自全球物美价廉的商品,又在金融、科技、服务等高附加值领域占据明显优势。2022年美资企业在华销售额比中资企业在美销售额多出4000多亿美元。中美经贸合作总体是平衡的、双赢的。滥施关税损人害己,干扰企业正常生产经营和民众生活消费,引发全球金融市场剧烈波动,破坏世界经济长期稳定增长。
谢锋强调,无论国际风云如何变幻,中国将继续以高质量发展、高水平开放的确定性应对外部不确定性。中国是全球第二大消费市场,拥有最大规模中等收入群体,已成为150多个国家和地区的主要贸易伙伴。今年一季度中国经济迎来开门红,国内生产总值(GDP)同比增长5.4%,出口顶压逆势增长6.9%,国际市场朋友圈越来越大。(完)