Connect with us

Politics, Law & Military

JMC-U (၁၆) ကြိမ်မြောက် အစည်းအဝေး၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများ ဆွေးနွေးမည်


ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

JMC (၁၆) ကြိမ်မြောက်အစည်းအဝေးကျင်းပနေစဉ်(ဆင်ဟွာ)

ယင်း အစည်းအဝေးတွင် ယခင် (၁၅) ကြိမ်မြောက် အစည်းအဝေး၏ သဘောတူဆုံးဖြတ်ချက်နှင့် မှတ်တမ်းများအား အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ JMC အဆင့်ဆင့်၏ အတွင်းရေးမှူးများ တွေ့ဆုံပွဲမှ ဆွေးနွေးချက်များ၊ JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သားကိုယ်စားလှယ်များ၏ တတိယအကြိမ် တွေ့ဆုံပွဲမှ ဆွေးနွေးချက်များ၊ ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ် JMC မျက်နှာစုံညီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များ စသည်တို့ကို ဆွေးနွေး အတည်ပြုသွားကြမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် JMC-U အစည်းအဝေး (၁၅) ကြိမ်မြောက်နှင့် (၁၆) ကြိမ်မြောက် ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများနှင့် JMC ဆိုင်ရာ အထွေထွေ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားကြမည်ကြောင်း သိရသည်။

ယနေ့ အစည်းအဝေးသို့ JMC-U အဖွဲ့ဝင်များ ဖြစ်ကြသော အစိုးရကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အများယုံကြည်လေးစားသည့် အရပ်သား ကိုယ်စားလှယ်များ စသည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.