China
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က အိမ်နီးချင်းနိုင်ငံကြီးများအကြား နိုင်ငံအချင်းချင်း ဆက်ဆံရေး၏ မှန်ကန်သောလမ်းကြောင်းကို ရှာဖွေတွေ့ရှိထားဟု သမ္မတ ရှီပြော

မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က အိမ်နီးချင်းနိုင်ငံကြီးများအကြား နိုင်ငံအချင်းချင်း ဆက်ဆံရေး မှန်ကန်သောလမ်းကြောင်းကို ရှာဖွေတွေ့ရှိထားကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၇ ရက်၌ ပြောကြားခဲ့သည်။
သမ္မတ ရှီက ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်နှင့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်မှုအဖြစ် မော်စကိုမြို့သို့ ရောက်ရှိချိန်တွင် စာလွှာဖြင့် မိန့်ခွန်းပြောကြားရာ၌ ရှီက အထက်ပါအတိုင်း မှတ်ချက်ပြုထားခြင်းဖြစ်သည်။
ရှောင်လွှဲ၍မရသော အိမ်နီးချင်းကောင်းများ၊ ဆိုးတူကောင်းဖက် မိတ်ဆွေစစ်များ၊ အပြန်အလှန်အောင်မြင်မှု၏ မိတ်ဖက်ကောင်းများအဖြစ် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ခေတ်သစ်တွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုစိတ်ဓာတ်ကို ခိုင်မာအောင် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းမှာ ထာဝရ အပြန်အလှန်လေးစားမှုရှိသော ချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု စသည့် သွင်ပြင်လက္ခဏာဆောင်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
သမ္မတ ရှီ၏ လေယာဉ်သည် ရုရှားနိုင်ငံ လေပိုင်နက်အတွင်း ဝင်ရောက်လာခဲ့ချိန်တွင် ရုရှားလေတပ် လေယာဉ်က လိုက်ပါစောင့်ရှောက်ခဲ့သည်။
မော်စကိုမြို့ရှိ Vnukovo လေဆိပ်သို့ သမ္မတ ရှီ၏ လေယာဉ်ဆိုက်ရောက်ချိန်တွင် ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Tatyana Golikova နှင့် အခြား အစိုးရအဆင့်မြင့်အရာရှိများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3qJ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Tatyana Golikova နှင့် အခြား အစိုးရအဆင့်မြင့်အရာရှိများက Vnukovo လေဆိပ်တွင် ၂၀၂၅ ခုနှစ် မေ ၇ ရက်က နွေးထွေးလှိုက်လှဲစွာကြိုဆိုနေကြစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ၂၀၂၅ ခုနှစ် မေ ၇ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ၂၀၂၅ ခုနှစ် မေ ၇ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ၂၀၂၅ ခုနှစ် မေ ၇ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ၂၀၂၅ ခုနှစ် မေ ၇ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ၂၀၂၅ ခုနှစ် မေ ၇ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)
…………………….
(English Version)
Xi says China, Russia find right path of state-to-state interactions between neighboring major countries
MOSCOW, May 7 (Xinhua) — Chinese President Xi Jinping said here Wednesday that China and Russia have found a right path of state-to-state interactions between neighboring major countries.
He made the remarks in a written statement upon his arrival in Moscow for a state visit to the country and attendance at the celebrations marking the 80th anniversary of the victory in the Soviet Union’s Great Patriotic War.
Xi noted that the two sides, as good neighbors that cannot be moved away, true friends who share weal and woe, and good partners of mutual achievement, have forged a spirit of strategic coordination for a new era, which features permanent good-neighborly friendship, comprehensive strategic coordination and mutually beneficial cooperation.
Xi’s plane was escorted by Russian Air Force aircraft after it entered the country’s airspace.
When Xi arrived at the Vnukovo Airport in Moscow, he was warmly welcomed by Russian Deputy Prime Minister Tatyana Golikova and other senior government officials. xhtxs.cn/3qJ
Photo 1: Chinese President Xi Jinping inspects the guard of honor during a grand welcome ceremony at the Vnukovo Airport in Moscow, Russia, May 7, 2025. (Xinhua/Xie Huanchi)
Photo 2: Chinese President Xi Jinping is warmly welcomed by Russian Deputy Prime Minister Tatyana Golikova and other senior government officials at the Vnukovo Airport in Moscow, Russia, May 7, 2025. (Xinhua/Xie Huanchi)
Photo 3 – 7 : Chinese President Xi Jinping arrives in Moscow, Russia, May 7, 2025. (Xinhua/Ding Haitao)