Connect with us

China

ဟယ်လိဖုန်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ Majed Al Romaithi တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (ADIA) စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ Majed Al Romaithi မေ ၇ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် မေ ၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (ADIA) စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ Majed Al Romaithi နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဟယ်လိဖုန်းက ယခုနှစ်အတွင်း တရုတ်စီးပွားရေးသည် ကောင်းမွန်စွာအစပြုခဲ့ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ကာ လက်တွေ့ကျဖော်ဆောင်လျက်ရှိပြီး လူမှုအသိုက်အဝန်း ယုံကြည်မှုနှင့် မျှော်မှန်းချက်များ စဉ်ဆက်မပြတ် တိုးတက်လာကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုကို ဘက်စုံနက်ရှိုင်းစွာ တစ်ဆင့်တိုးဖော်ဆောင်လျက်ရှိပြီး ဘဏ္ဍာရေး စသည့် ကဏ္ဍစုံ၌ အဆင့်မြင့် တံခါးဖွင့်မှုကို အင်တိုက်အားတိုက် တွန်းအားပေးလျက်ရှိကြောင်း၊ အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (ADIA) အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းနှင့် ရေရှည်ရင်းနှီးမြှုပ်နှံသူများ တရုတ်နိုင်ငံသို့လာရောက်၍ လုပ်ငန်းဖော်ဆောင်ရင်း ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ မျှဝေရန်ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Majed Al Romaithi က ADIA သည် တရုတ်စီးပွားရေး အနာဂတ်အလားအလာကို အကောင်းမြင်ကြောင်း၊ ကဏ္ဍအစုံအလင်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အဘူဒါဘီ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (ADIA) စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ Majed Al Romaithi မေ ၇ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
何立峰会见阿联酋阿布扎比投资局管理委员会主席马吉德时指出   中国致力于扩大高水平对外开放   支持更多外资金融机构深化对华合作
新华社北京5月7日电(记者董雪)中共中央政治局委员、国务院副总理何立峰7日在人民大会堂会见阿联酋阿布扎比投资局管理委员会主席马吉德。
何立峰表示,今年以来中国经济开局良好,高质量发展扎实推进,社会信心和预期持续提振。中国正进一步全面深化改革,着力推进金融等各领域高水平开放,欢迎阿布扎比投资局在内的外资金融机构和长期投资者来华展业兴业,分享发展机遇。
马吉德表示,阿布扎比投资局看好中国经济前景,期待在多元领域展开合作交流。(完)
图说1-2:5月7日,中共中央政治局委员、国务院副总理何立峰在北京人民大会堂会见阿联酋阿布扎比投资局管理委员会主席马吉德。 新华社记者 岳月伟 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.